• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

18-Aug-2016
အခမ်းအနားများ,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် မိုးရာသီစာအုပ် ဈေးရောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီတို့မှ ကော်မတီဝင်များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် နိုင်ငံရေး စာပေ စာတမ်း ဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်း ပွဲတော် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ဆွေးနွေးသည်။

နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲကို ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ် စက်ရုံခန်းမ၌ နိုင်ငံရေး စာပေအသိပညာရှင် အတတ်ပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာ တင်လှိုင် (ဘိုးလှိုင်)က နဂါးနီ၏ နိုင်ငံရေးစာပေ၊ ဒေါက်တာ ကျော်ဝင်း (ပါမောက္ခ-ငြိမ်း)က ၁၉၄၇ခုနှစ် အခြေခံဥပဒေနှင့် ခွဲထွက်ခွင့် ပြဿနာများ၊ ဦးဇော်သက်ထွေးက အာဏာရှင် ခေတ်တွင် ပြည်ပ ရောက်သွားသော စာရေးဆရာများ ထုတ်ဝေ ရေးသားခဲ့သည့် နိုင်ငံရေးစာပေ စာအုပ်များ၊ ဦးအောင်ရှင် (မုံရွာအောင်ရှင်)က ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံရေး ကဗျာများ၊ ဦးမြင့်ဆွေ (မြင့်ဆွေဦး)က နိုင်ငံရေး စာပေအစ နဂါးနီက၊ ဦးကျော်မင်းယု (ဂျင်မီ)က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပါအဝင် နိုင်ငံရေး စာပေများ ရှင်သန် ဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်း၊ ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)က ရှေးခေတ် မြန်မာ့နိုင်ငံရေး စာပေ၊ ဦးသန်းဌေး (သင့်နော်)က လက်လှမ်းမီသမျှ မြန်မာ့ နိုင်ငံရေး စာပေ အင်အားစုသို့ ချဉ်းကပ်ခြင်း၊ ဦးအောင်မြင့်ဦး (အောင်မြင့်ဦး- လူထု)က ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ မိန့်ခွန်းများထဲမှ နိုင်ငံရေး အဘိဓမ္မာ၊ ဦးအေးမောင် (အေးမောင်ကျော်)က လစ်ဘရယ် ဒီမိုကရေစီ ကောက်ကြောင်း နှင့် မြန်မာ့ အကူးအပြောင်း၊ ဦးမိုးမြင့်ဝင်း (မိုးမြင့်ဝင်း- နည်းပညာ)က ဖဆပလ ဝန်ကြီးချုပ် သခင်နု ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို လေ့လာ သုံးသပ်ချက်၊ ဦးကျော်ဇံလှ (ညီစေမင်း)က နိုင်ငံရေး စာပေများက ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုများ၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)က နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင် များ၏ အတ္ထုပ္ပတ္တိ (ပြည်ပ)၊ ဦးသန်းအုန်း (မောင်ဇေယျာ)က မြန်မာ့နိုင်ငံရေး အတ္ထုပ္ပတ္တိ စာပေ (၁၉၃၇-၁၉၈၇)၊ ဦးရဲနိုင်အောင် (ကို၀)က နိုင်ငံရေး ဘောဂဗေဒ စာပေများ၏ နိုင်ငံရေး အကျိုး သက်ရောက်မှု၊ ဦးမော်လင်း (မော်လင်း)က မြန်မာ့ နိုင်ငံရေးနှင့် စာနယ်ဇင်းများ၊ ဦးဇော်လင်း (လင်းအေး)က မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေးစာပေ (၁၉၀၀-၁၉၄၀)နှင့် ဦးကိုကိုလှိုင် (ကိုကိုလှိုင်)က ခေတ်ပြိုင် နိုင်ငံတကာ နိုင်ငံရေး အတွေးအခေါ်များ စသည့်စာတမ်း (၁၈)စောင်တို့ကို သုံးရက် တိုင်တိုင် ဖတ်ကြား ဟောပြော ဆွေးနွေးကြမည် ဖြစ်သည်။

စာတမ်းဖတ်ပွဲနှင့် အတူ မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများ အသင်းက ဗဟိုပုံနှိပ် စက်ရုံဝင်း အတွင်း၌ မိုးရာသီ စာအုပ် ဈေးရောင်း ပွဲတော်ကိုပါ တဆက်တည်း ကျင်းပမည် ဖြစ်သည်။ ဈေးရောင်း ပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၇၀ ခန့်က နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သုတရသ၊ နိုင်ငံရေး စာပေများ အပါအဝင် ဘာသာရပ်ဆိုင်ရာ စာအုပ် အဟောင်းများနှင့် အသစ်များကို ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သည်။

နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်း ပွဲတော်သို့ စိတ်ပါ ဝင်စားသူ မည်သူမဆို ဝင်ကြေးမရှိ လာရောက် လေ့လာနိုင်ပြီး စာအုပ်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ အားပေးနိုင်ကြောင်း သိရသည်။




related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

18-Aug-2016
အခမ်းအနားများ,
SPBM
မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ၀တ္ထုရှည် အတွဲ (၁၊၂၊၃) ထုတ်ဝေခြင်းမိတ်ဆက်အခမ်းအနား ကျင်းပမည်

မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ၀တ္ထုရှည် အတွဲ (၁၊၂၊၃) ထုတ်ဝေခြင်းမိတ်ဆက်အခမ်းအနား ကျင်းပမည်

18-Aug-2016
အခမ်းအနားများ,
SPBM
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

18-Aug-2016
အခမ်းအနားများ,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links