• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၁၇ ခုနှစ် မေလ (၂၆) တွင် စာအုပ် (၂၉) အုပ် ထပ်မံရရှိ

26-May-2017
စာပေဗိမာန်,
SPBM

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့်  မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် မေလ (၂၆) တွင် စာအုပ် (၂၉) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site  တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။

(၁) အင်း၀ခရီးသည် - မြင့်စိုး၊ (၂) ရေခြားမြေခြား ဓမ္မမိတ်ဆွေများအတွက် စာလေးနှစ်စောင် - မောင်ကံထူး၊ (၃) လုပ်ငန်းအခြေခံစံနှုန်း (FPS စနစ်) များအား စိစစ်ချက်မှတ်တမ်းနှင့် အထွေထွေ ဗဟုသုတများ - ဦးအေးကို၊ (၄) ကျောင်းသားစွယ်စုံ - ဦးဝမ်ထိန်၊ (၅) အင်ဂျင်နီယာ ပညာရပ်များ ကို အသုံးချမည့်စာရင်းကိုင်များ၊ စာရင်းစစ်များ၊ အင်ဂျင်နီယာများ၊ အင်ဂျင်နီယာ ပညာရပ်ကို စိတ်ဝင်စားလေ့လာလိုသူများအတွက် အကောင်းဆုံး စာအုပ် - ဦးအေးကို၊ (၆) ငြိမ်းချမ်းရေး ပန်းအလှနှင့် မေတ္တာလမ်းဒဿန (ပြဇာတ်) - ဇာတ်ဆရာ ဆရာဘုန်း (ဥပဒေ)၊ (၇) အမေ့ရဲ့ဆန္ဒနှင့် ဘာသာပြန်ဆောင်းပါးများ - တက္ကသိုလ်လှကြွယ်၊ (၈) ကောင်းဖို့ရွယ်သော ခေတ်ကို အခုတစ်ခေါက်မျှော်မိတယ် - မြထွေးမောင်၊ (၉) ''ဝန်ထန်းစည်းကမ်းထိန်းသိမ်းရေး လက်စွဲ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအား နှိုင်းယှဉ်ဖော်ပြချက် မှတ်စုစာအုပ်'' - ဦးအေးကို၊ (၁၀) "ဝန်ထမ်း စည်းမျဉ်းဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်ဖော်ပြချက်နှင့် အမေး/အဖြေများ မှတ်စုစာအုပ်" - ဦးအေးကို၊ (၁၁) အင်ဂျင်နီယာပညာရပ်များကို အသုံးချမည့်စာရင်းကိုင်များ၊ စာရင်းစစ်များ၊ အင်ဂျင်နီယာများ၊ အင်ဂျင်နီယာပညာရပ်ကို စိတ်ဝင်စားလေ့လာလိုသူများအတွက် အကောင်းဆုံး စာအုပ် - ဦးအေးကို၊ (၁၂) သင်အမွေရထားသော သင့်ကမ္ဘာကြီးအကြောင်း - ယူအေအမ်၊ (၁၃) မေမေ့ရင်မှချစ်ရေစင်နှင့်အခြား၀တ္ထုတိုများ - အောင်နိုင် (တက္ကသိုလ်)၊ (၁၄) လူများ လမ်းများ ဘ၀များ - ဇော်နောင်လင်း၊ (၁၅) "ဆေးပညာရှင်များအတွက် အဖိုးတန် ရွှေစကားများ" - ဒေါက်တာလှဖေ၊ (၁၆) ကျောက်ကပ်ဆေးပင် - ဒေါက်တာခင်မောင်လွင် (FAME)၊ ဒေါက်တာမြတ်ကေသွယ်လွင် (Botanist)၊ (၁၇) နေမမြင်လမမြင် - တောင်တွင်းမောင်လွမ်းဝေ၊ (၁၈) "တွက်နည်းစုံလင် ဗဟုသုတပဒေသာပင် မှတ်စုစာအုပ်" - ဦးအေးကို၊ (၁၉) လေယာဉ်ကွင်းသုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းအခြေခံစံနှုန်းများ (Fps စနစ်=Foot pound second) နှင့် (SI စနစ်=Standard International System) တို့အား နှိုင်းယှဉ်ခြင်း (Comparison) နှင့် ကိန်းဂဏန်းသရုပ်ခွဲခြင်း (Data Analysis) (English & Myanmar) မှတ်စုစာအုပ် - ဦးအေးကို၊ (၂၀) လူငယ်များအတွက် သိပ္ပံသုတ - ကျော်ဝင်းဟိန်း (ပခုက္ကူ)၊ (၂၁) ကြီးပွားချမ်းသာနည်းအဖြာဖြာ - မြင်းခြံကျော်အောင် (ခ) သန်းထက်စံ၊ (၂၂)  ကြုံခဲ့ရစစ်ဘေးစစ်ဒဏ် - ဇင်ဘဦး၊ (၂၃) အမှတ်တရ ဆုရ၀တ္ထုတိုများ - မောင်စိုးနွေ (သုံးဆယ်)၊ (၂၄) ပညာရေးဆောင်းပါးပေါင်းချုပ် - ဆရာကြီးဒေါက်တာသန်းဦး (အငြိမ်းစား ညွှန်ချုပ် အခြေခံပညာ)၊ (၂၅) လူတိုင်းအတွက်ဆေးပညာ ဝမ်းမီးဓာတ်ကျမ်း - သမားတော်ကြီး ဦးကျော်လင်း (နေလဝိဇ္ဇာ)၊ (၂၆) နိုင်ငံတကာ ကုန်သွယ်မှုနှင့်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု - သံအမတ်ကြီးဒေါက်တာလှမောင် (ဘောဂ)၊ (၂၇) ကျွန်တော်၏ သံတမန်ခရီး - စောလှမင်း၊ (၂၈) King Mindone and his Royal Palace Hall Queens, Royal Private Apartments Queens,  Sons and Daughters - Maung Yan Aye (Kyaukse)၊ (၂၉) တောင်သူလယ်သမား နင်းပြားများကို မည်သူကယ်တင်မည်နည်း - ကံလှ (ငါန်းဇွန်)



related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

26-May-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

26-May-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

26-May-2017
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • စာမူများ
  • ရွှေသွေး
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာပေဗိမာန်
books
  • ၁၉-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အမှတ် (၅၇)၊ အတွဲ (၁၆) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ၁၂-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၅) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman