အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေး အတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်း တင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်တွင် စာအုပ် (၁၄၈) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို ထုတ်ဝေသည့်ခုနှစ်နှင့် ထုတ်ဝေသည့်အကြိမ်ရေနှင့်အတူ အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -