• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“အပ္ပမာဒေန သမ္ပာဒေထ”

စာအုပ်အမည် - “အပ္ပမာဒေန သမ္ပာဒေထ”

စာရေးဆရာအမည် - ကိုရွှေသံ (မြန်မာစာ)

တန်ဖိုး - ၄၀၀၀

စာညွှန်း -
“ကိုရွှေသံ (မြန်မာစာ) ရေးသားသည့် “အပ္ပမာဒေန သမ္ပာဒေထ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု ဝတ္ထုရှည်၊ ပထမဆုရရှိသည့် စာရေးသူ ကိုရွှေသံ (မြန်မာစာ) ၏ “အပ္ပမာဒေန သမ္ပာဒေထ” စာအုပ်ကို ဖြန့်ချိ ရောင်းချ လျက်ရှိသည်။

ယင်းစာအုပ်တွင်  ဦးချစ်မောင်အမည်ရှိ အသက် ၈၅ နှစ်အရွယ် လူအိုဒုက္ခိတတစ်ဦး၏ ဘဝ ဇာတ်ကြောင်းကို အသေးစိတ် ပုံဖော်ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ အသက်အရွယ်အရ ခေတ် အမျိုးမျိုးကိုလည်းကြုံ၊ အတွေ့အကြုံလည်း စုံခဲ့သူဖြစ်သဖြင့် သူ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူနေထိုင် ကြီးပြင်းခဲ့ရသော မြို့ငယ်လေး၏ ကမ်းနားပိုင်းတွင် မြစ်ရေတိုက်စားမှု ဖြင့် တဖြည်းဖြည်းကမ်းပြိုလာသည်ကို ဒေသခံများက ကိုယ်ထူကိုယ်ထ ခုခံတားဆီးရပုံ၊ အခက်အခဲ ကြုံရပုံ၊ ရုန်းကန်ရပုံ၊ အန္တရာယ်တကယ်ရှိပြီဆိုမှ တာဝန်ရှိသူများက သူတို့ကို မြို့သစ်ဆီ နေရာချထား ရွှေ့ပြောင်းပေးခဲ့ပုံ၊ နေရာသစ်တွင် ဘဝသစ်ထူထောင်ပြီး သားသမီးပွားစီးလျက် ရုန်းကန်ရပုံ၊ သား သမီးများ အိမ်ထောင်ကျသည့်အချိန် ဇနီးသည်ဆုံးပါးသွားပြီးနောက် သူ့အသက် ၈ဝ ခန့်တွင် လေဖြတ် ဝေဒနာကို ခံစားရပုံ၊ ကိုဗစ်ရောဂါ လှိုင်းထန်သောကာလကိုလည်း ကြုံခဲ့ရပုံ စသည်များ ပါဝင်သည်။

အနီးကပ်အချိန်ပြည့် ပြုစုစောင့်ရှောက်သူ မရှိသော ကိုယ်တစ်ခြမ်းသေ လေဖြတ်ထားသည့် ဝေဒနာရှင်တစ်ဦး၏ နေ့စဉ်ဘဝ ဒုက္ခကို ရေးဖွဲ့ရာ၌ အသေးစိတ်၍ သရုပ်ပါလှသည်။ အထီးကျန်ခြင်း၊ အဖော်မဲ့ခြင်း၊ ဝမ်းနည်းအားငယ်ခြင်း၊ စိတ်သွားတိုင်း ကိုယ်မပါသဖြင့် မိမိကိုယ်ကို ဒေါသဖြစ်ခြင်းနှင့် အတူ သားသမီးများကိုလည်း မကျေမနပ်ဖြစ်ခြင်း စသည့် စိတ်ခံစားမှုကို ဖော်ကျူးရာ၌လည်း အလွန် ပီပြင်သည်။ နောက်ဆုံး၌ သံဃာတော်တစ်ပါးကြွလာကာ အတ္တကိုဖယ်ခွာ၍ ဖြစ်လာသည့်ဘဝတွင် သီလ၊ သမာဓိ၊ ပညာ ရရှိဖို့သာ မမေ့မလျော့ နှလုံးသွင်းဖို့ တရားရေအေး တိုက်ကျွေးခဲ့သည်။ နာယူ ပြီးနောက် မကြာခင်မှာပင် သူကွယ်လွန်အနိစ္စရောက်သွားကြောင်း အရေးအဖွဲ့ကလည်း သံဝေဂရစရာ ဖြစ်သည်။ ဝတ္ထုသည် ရည်ရွယ်ချက်ကောင်းမွန်သည်။ စရိုက်ပီပြင်သည်။ ရသဂုဏ်မြောက်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာမူများ
  • ရွှေသွေး
books
  • ၁၅ - ၈ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၃၃) ထွက်ရှိ

    14-Aug-2026
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman