''ချစ်မုန်းငြိမ်း'' ရေးသားသည့် “အပျံသင်စ နှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ချစ်မုန်းငြိမ်း'' ၏ “အပျံသင်စ နှင့် လူငယ်ဝတ္ထုတိုများ” သည် လူငယ်ဝတ္ထုတိုများပီပီ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးရှင်သန်စေရေး ရေးဖွဲ့ထားသည့် သရုပ်ဖော် ဝတ္ထုတိုများဖြစ်သည်။ အနာဂတ်တွင် တိုင်းပြည်တာဝန် အရပ်ရပ်အပေါ် ပခုံးပြောင်းယူကြမည့် လူငယ်များအတွက် စိတ်အာဟာရဖြစ်စေမည့် ဝတ္ထုတို (၂၀) ပါဝင်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့
(ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၂၀၀
ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင်
(ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား)
ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။