“ချစ်စုအောင်” ရေးသားသည့် "မြင်းမိုရ်စိတ်ကူး ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ချစ်စုအောင်” ရေးသားသည့် "မြင်းမိုရ်စိတ်ကူး ကဗျာများ” စာအုပ်သည် မြန်မာ့ဓလေ့၊ မြန်မာ့အငွေ့များ လူမှုဝန်းကျင်မှ နိစ္စဓူဝဘဝများကိုလေးလုံးစပ်လင်္ကာ၊ အချိုး၊ အချင်း၊ နွယ်သာကီသံပြတ် စသည် မြန်မာကဗျာဖွဲ့နည်းများစွာြဖင့် ရေးစပ်ဖွဲ့ ဆိုထားပေသည်။ အကြောင်းအရာစုံလင်ပြီး တင်ပြပုံများလည်း ထူးခြားကာ အကြောင်းအရာနှင့်လိုက်ဖက်သည့် ဖွဲ့နည်းများဖြင့် ရသမြောက်စွာ ရေးဖွဲ့ထားရာ ဖတ်ရှုခံစား၊ လေ့လာမှတ်သားလိုသူများအတွက် လက်ကိုင်ထားအပ်သည့် စာအုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။