• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“ပိုးနှင့် အခြားသုတ၊ ရသဝတ္ထုတိုများ”

စာအုပ်အမည် - “ပိုးနှင့် အခြားသုတ၊ ရသဝတ္ထုတိုများ”

စာရေးဆရာအမည် - နန္ဒာခင် (သက္ကလမြေ)

တန်ဖိုး - ၃၅၀၀

စာညွှန်း -
“နန္ဒာခင် (သက္ကလမြေ)” ရေးသားသည့် “ပိုးနှင့် အခြားသုတ၊ ရသဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ "နန္ဒာခင် (သက္ကလမြေ)" ၏ “ပိုးနှင့် အခြားသုတ၊ ရသဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် (၁) ကြမ်း (၂) တော (၃) ထန်း (၄) ဆည် (၅) တီ (၆) လာဘ် (၇) ကပ် (၈) ရှက် (၉) ပိုး (၁၀) မိုး (၁၁) ကျမ်း (၁၂) ပြင် ဟူ၍ ဝတ္ထုတို ၁၂ ပုဒ်ပါဝင်သည်။ အကြောက်တရားရှိမှ ဟီရိဩတ္တပ္ပတရားရှိပြီး လောကကြီးမင်္ဂလာရှိမည်ဟူသော ရှေးအဘိုးအဘွားများ၏ ဆိုဆုံးမ ဩဝါဒစကားအရ သားသမီးမြေးများကို စည်းကမ်းဖြင့် စနစ်တကျ ထိန်းကျောင်းပေးနေသော အဘွား၏ဖြစ်ရပ်ကို အကွပ်မဲ့ကြမ်းသဘောမျိုး တင်စားဖွဲ့ဆိုထားသော ‘ကြမ်း’ဝတ္ထုတို၊ ရှေးအခါက တီဘီ၊ တိုက်ဖိုက်၊ ကင်ဆာ၊ အသည်း ဘီပိုး၊ AIDS များဖြစ်ကြသည့်အခါ ကိုယ်ခံအားကောင်းဖို့လိုသည်ဟု သိရှိထားကြသူများသည် ‘ကိုဗစ်ပိုး’ နှင့် တွေ့ကြုံရသောအခါ လူ့အသက်ပေါင်း မြောက်မြားစွာ သေဆုံးခဲ့ကြရပုံ၊ ကြောက်ရွံ့တုန်လှုပ်နေသည့်ကြားမှ ချောက်ချားစွာ သေဆုံး၊ ယူကျုံးမရ၊ အပူလုံးကြွကြပုံ၊ ရှင်ခြင်းနှင့် သေခြင်းကြား ခြားထားသောနံရံမှာ အလွန်ပါးလွှာလွန်းပုံများကို စာနာဖွယ်၊ ရင်နင့်ဖွယ်၊ ကြေကွဲဖွယ်ကောင်းအောင် ရေးဖွဲ့ထားသော ‘ပိုး’ ဝတ္ထုတိုအပါအဝင် မြို့ပြစရိုက်နှင့် တောဓလေ့သဘာဝ၊ မြန်မာပြည်ဆိုတာ သစ်တောနှင့် သစ်ပင်ကို ချစ်ခင်မြတ်နိုးသည့်လူမျိုး၊ အညာဒေသ ထန်းကိုချစ်သော မြန်မာမှုမြန်မာ့ဟန်ကို ပေါ်လွင်စွာ လှုံ့ဆော်မှု၊ လူ့ဘဝဆိုသည်မှာ နေတတ်လျှင် မြတ်သည်၊ အသက်ရှင်နေခြင်းသည် ‘လာဘ်’ တစ်ပါးပါ၊ လူ့ဘဝမှာ အမြတ်မရလျှင်တောင်မှ အရင်းမရှုံးရအောင် နေတတ်ကြပါစေဟု စသည်ဖြင့် ဘဝအလွှာအသီးသီးမှာ ဖြစ်ပျက်ပုံမျိုးစုံကို သုတရသ စုံညီစွာရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။ 

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာမူများ
  • ရွှေသွေး
books
  • ၁၅ - ၈ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈) အမှတ် (၃၃) ထွက်ရှိ

    14-Aug-2026
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman