• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာအုပ်အမည် - စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာရေးဆရာအမည် - အန်ကယ်ပညာ

တန်ဖိုး - ၄၀၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊  စာပဒေသာ ပထမဆုရရှိသည့် စာရေးဆရာ အန်ကယ်ပညာ၏ “မေမေ့ဆံပင်နှင့် ဘဝလက် တစ်ကမ်းမှ စာတမ်းငယ်များ”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် မရိုးနိုင်သော မိခင်အကြောင်း သရုပ်ဖော်ပုံရိပ်လွှာကို အခြေပြုလျက် ခေါင်းစီးတင်ကာ အခြားစာတမ်းငယ်များ စုစည်းထားသည့်လက်ရာများ ဖြစ်သည်။ မိခင်သည် ယောဒေသ လောင်းရှည်မှဖြစ်ကြောင်း၊ လောင်းရှည်ကို မြို့ဟု တွင်ကျယ်စွာ သုံးနှုန်းကြကြောင်း၊ တကယ်တမ်းအားဖြင့် ဆောမြို့နယ်မှ ဖြစ်ကြောင်း၊ ပုဂံခေတ်က စတင်ပေါ်ပေါက်သည့် သမိုင်းဝင် မြို့ဖြစ်ပြီး သီပေါမင်း ဆယ်တော်မြို့စားအဖြစ် ချီးမြှင့်ခြင်းခံရသည့်ဒေသဖြစ်ကြောင်း အစပျိုး ထားသည်။ လောင်းရှည်မြို့သူ မိခင်နှင့် တာဝန်ထမ်းဆောင်ရင်း ရောက်လာသည့် ဖခင်တို့ နဖူးစာ ဆုံခဲ့ပုံ၊ ရုပ်ရည်ချောမောသောမိခင်ကို ပိုင်ဆိုင်ခွင့်ရသောဖခင် ကျေနပ်ဟန်ကို ဖော်ပြသည့် မိခင်၏ ထူးခြားချက်မှာ နက်မှောင်ရှည်လျားသည့်ဆံပင်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုဆံပင်ကို တန်ဖိုး ထားကာ နေ့စဉ်ဖြီးသင်ပြီး သပ်ရပ်စွာထားရှိကြောင်း၊ ခင်ပွန်းဖြစ်သူက မြတ်နိုးသကဲ့သို့ မိသားစု ကလည်း နှစ်သက်ဂုဏ်ယူကြောင်း၊ သို့သော် အသက်အရွယ်နှင့် ကျန်းမာရေးအရ ဆံပင်အရှည်မှ အတိုဖြတ်လိုက်ရသည့်အခါ အားလုံးက အပြစ်မမြင်ဘဲ အကောင်းမြင် ပြောဆိုကြောင်း၊ ကွယ်လွန်သွားသည့် ဖခင်ရှိလျှင်ပင် ကျေနပ်မည်ဖြစ်ကြောင်း အတွေးအဆများဖြင့် တင်ပြထားသည်။ ထို့ပြင် စာရေးသူ ကျင်လည်ရသည့် ဘဝအထွေထွေ လူမှုဝန်းကျင်တွင် ဖြတ်သန်းခဲ့ရသော ဘဝပြဿနာ ဆောင်သင့် ရှောင်သင့်သည်များကို ကဏ္ဍ  ၂၂  ခုဖြင့် ဖော်ပြထားသည်။ အဆုံးသတ်တွင် ဇာတိမာန် ထက်သန်ရေးအကြောင်းပြု  သူရဲကောင်း    သမိန်ဗရမ်း အကြောင်းဖြင့် အဆုံးသတ်ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ 

အဆိုပါ စာအုပ်ကို ရောင်းဈေး  ၄၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • စာမူများ
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
books
  • ၂၇-၉- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၉) e-book ထွက်ရှိ

    29-Sep-2025
  • ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

    25-Sep-2025
  • ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

    25-Sep-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman