''ဆန်လုံးညို'' ရေးသားသည့် ''သုံးရာသီသခင် နှင့် မြန်မာ့လယ်ယာကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဆန်လုံးညို'' ၏ ''သုံးရာသီသခင် နှင့် မြန်မာ့လယ်ယာကဗျာများ'' စာမူတွင် စာမူ၏ခေါင်းစဉ်နှင့် လိုက်ဖက်စွာ မြန်မာ့လယ်ယာလုပ်သားများနှင့် ကျေးလက်သဘာဝများကို အလေးထားဖွဲ့ဆို ထားပါသည်။ လေးလုံးစပ် ဒွေးချိုး၊ တြိချိုး၊ သံပေါက် စသည်ဖြင့် မြန်မာဂန္ထဝင်ကဗျာ ဖွဲ့နည်းထုံးဖြင့် လယ်ယာလုပ်သားများ၏ ဘဝအခက်အခဲ၊ ခံစားမှု၊ စေတနာ၊ သုံးရာသီအလှအပများ ကျေးတောသူ ကျေးတောသားတို့၏ ရိုးစင်းသော ချစ်ခြင်းမေတ္တာအကြောင်းများကို ရှုထောင့်စုံ၊ မြင်ကွင်းစုံမှ သေသပ်လှပစွာ ရေးဖွဲ့ထားပါသည်။ စိတ်ခံစားမှုမှတစ်ဆင့် မျက်စိထဲ ကွင်းကွင်းကွက်ကွက် ထင်သာမြင်သာအောင် သက်ဝင်လှုပ်ရှားရေးဖွဲ့ထားပုံကား မြန်မာ့လယ်ယာမြေကို နောက်ခံထား၍ ထိုလယ်ယာမြေပေါ်မှ ဘဝများနှင့် ရှုခင်းရှုကွက်များကို စာနာဖွယ်၊ မြတ်နိုးဖွယ် ဖွဲ့ဆိုထားသည့် ကဗျာကောင်းများကို ခံစားရမည်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၂၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။