''သန်းမြင့်သန်း (ကွမ်းခြံကုန်း)'' ရေးသားသည့် ''ဘူးထောက်မာန် ခံနိုင်ရိုးလားနှင့် အခြား၀တ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဘူးထောက်မာန် ခံနိုင်ရိုးလားနှင့် အခြား၀တ္ထုတိုများ'' စာမူတွင် ၀တ္ထုတို (၁၄) ပုဒ် ပါဝင်ပါသည်။ ၁၂ ပုဒ်မှာ ပင်လယ်၀ တိုးမြစ်ကမ်းဘေးရှိ ရွာများမှ တံငါမိသားစုများအကြောင်း ဖြစ်သည်။ မြစ်ရိုး၊ ချောင်းရိုးတစ်လျှောက် လူမှုဘ၀များကို ပီပြင်အောင် ရေးဖွဲ့နိုင်သည်။ ငါးဖမ်းကိရိယာ အမျိုးမျိုးတို့ကို ဇာတ်လမ်းဇာတ်ကွက်ထဲတွင် အချိုးကျကျ၊ ရသမြောက်အောင် ထည့်သွင်းရေးသားသွားသည်။
နောက်ခံဒေသအဖွဲ့အနွဲ့ကောင်းခြင်း၊ လူမှုစရိုက်ပီပြင်ခြင်း စသည့်အချက်များ ပါဝင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။