''သုတိဩဘာ (ဆင်ပေါင်ဝဲ)'' ရေးသားသည့် ''ယောပုဆိုးနှင့် ကြွခဲ့ပါ အပါအဝင် အခြား၀တ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ယောပုဆိုးနှင့် ကြွခဲ့ပါ အပါအဝင် အခြား၀တ္ထုတိုများ'' စာမူတွင် ၀တ္ထုတို ၁၀ ပိုဒ်ကို စုစည်းထား ခြင်းဖြစ်သည်။ မြေလတ်ဒေသ၊ အောင်လံနယ်၊ ဆင်ပေါင်ဝဲမြို့မှ ကျောင်းထိုင်ဆရာတော် တစ်ပါး၏ အတွေ့အကြုံများကို ၁၀ ပိုဒ်လုံးတွင် ချိတ်ဆက်၍ ရေးသားထားသော်လည်း၊ ရေးနိုင်သမျှသော ဘောင်ထဲတွင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုအသိများကို အမြင်ကျယ်ကျယ်နှင့် ဖြန့်ကြက်၍ပေးထားသည်။
အရေးအသားသွက်ပြီး ဆွဲဆောင်မှုရှိသည်။ ရေးဟန် ရွှင်ပြသည်။ ဆိုလိုရင်းကို စာဖတ်သူဆီသို့ ရသပါပါဖြင့် အရောက်ပို့ပေးနိုင်သည်။ လူငယ်များကို အသိအမြင် ကျယ်ပြန့်စေလိုသော စေတနာကိုလည်း စာထဲတွင်တွေ့ရှိနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။