၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅) တွင် စာအုပ် (၁၀) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ရိုးတံကျဲတွေ မြိုင်ထဲမှာ အငိုတိတ်စေချင် - မြင့်သိန်းလှိုင် (၂) ကလေးတွေကို တံဆိပ်မကပ်ပါနဲ့ - ခေတ်ဘုန်းသစ်၊ (၃) ကျောင်းသားခေါင်းဆောင် အာဏာရှင်လှရွှေ၏ ဘ၀ပုံရိပ်များ - ဒေါက်တာခင်လက်ျာ (၄) ကဗျာကျောင်းနဲ့ ဒေါင်းမလေး ကလေးကဗျာများ - မောင်တင်စိုး (သစ်ရာကောက်) (၅) သစ္စာဘက်တော်သားနှင့် အခြားဆောင်းပါးများ - ခင်နှင်းဦး၊ (၆) စာရင်းမှန်မှ တိုင်းပြည်တိုးတက်မည်။ - ဦးအေးကို (၇) လုပ်သက်ခွင့် တွက်ချက်ရာတွင်လည်းကောင်း၊ ပျမ်းမျှလစာတွက်ချက်ရာတွင်လည်းကောင်း၊ အလွယ်တကူ အသုံးပြုနိုင်အောင် တာဝန်ချိန်ကိန်းသေ၊ လုပ်သက်ခွင့်ကိန်းသေနှင့် ပျမ်းမျှလစာ တွက်ချက်ဖော်ပြမှု - ဦးအေးကို (၈) ကိုယ်တိုင်တိုက် ကိုယ်တိုင်ရေး တိုက်ပွဲများ (ပဉ္စမတွဲ) - တိုက်ပွဲဝင်တပ်မှူးများ၊ (၉) ကိုယ်တိုင်တိုက် ကိုယ်တိုင်ရေး တိုက်ပွဲများ (ဆဋ္ဌမတွဲ) - တိုက်ပွဲဝင်တပ်မှူးများ ၊ (၁၀) ပျော်ရွှင်ခြင်း - ကျော်ကျော်လှိုင်