၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်တွင် စာအုပ် (၂၃) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေနှင့် အခြားဆောင်းပါးများ - နန္ဒာဝင်း (ဆေး-၁)၊ (၂) ရေဖြင့်ကျန်းမာခြင်း - ဆရာနောင်၊ (၃) ရက်ပေါင်းခြောက်ဆယ်ဆော့လော်နယ် တက်ကြွ အားသွန်နိုင်ငံ့ဝန်ထမ်းစာစုများ - ရွှေရည်စိုး၊ (၄) တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အခြေခံသောလယ်ယာမြေဥပဒေများနှင့် အခြားစာစုများ - ဆွေမြင့်သူ (ကြေး/မြေ)၊ (၅) စက္ကူလှေ နှင့် ကလေးကဗျာ (၁၀၀) - ခိုင်ချစ်အောင်၊ (၆) နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ (၂၈) နှစ်တာ ခရီး - မြင့်စိုး (န.တ.လ)၊ (၇) မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်တင်ပို့မှုသမိုင်း - ရတနာစိုး၊ (၈) အောင်ဆန်းသူရိယ ဆွတ် (က်) မဟာဒူးရိုင်း (သမိုင်းလှတဲ့သူ) - ချယ်ရီခြေမောင်တင်ထွန်း၊ (၉) ပထမစာအုပ် - နေသန့်၊ (၁၀) အခြေခံနိုင်ငံရေး သိပ္ပံ - မောင်ငြိမ်းအေး၊ (၁၁) မာန်အောင်သားနှင့် ပေါရာဏကထာစကားဝိုင်း - ထွဋ်ခေါင်၊ (၁၂) အဆုတ်ကင်ဆာ - ဒေါက်တာခင်မောင်လွင် (FAME)၊ (၁၃) ပြည်သူများအတွက် ပြည်သူ့နီတိ - လှစိုးမိုး (စီမံကိန်း)၊ (၁၄) ရေမွှေး - လင်းခန့် (ဦးဝေယံဖြိုး)၊ (၁၅) လွမ်းငွေ့ဝေစီငပလီ - မေလှိုင်ဖြူ၊ (၁၆) အဆင်းရနံ့က သင်းပျံ့မွှေး ကြည်ကြည်နှင့် ချိုမြသံစဉ် - ကျော်ညိုလွင်၊ (၁၇) နှင်းရိပ်ပွင့်ဦး ချစ်ခဲ့ဖူးပါသည် - မောင်မောင်ကြီး (လှိုင်နယ်မြေ)၊ (၁၈) စိုက်ပျိုးနိုင်ရန် မြေနဲ့ရေသည် အခြေ - ဦးမြင့်ဆွေ (ကိုရဲ-စိုက်ပျိုးရေး)၊ (၁၉) သုတေသနနည်းပညာနှင့် အခြေခံ စာရင်းအင်းပညာ - ဒေါက်တာမြတ်ထွဋ်ညွန့်၊ (၂၀) မေ့လို့မရတဲ့ လူနာများ - ဒေါက်တာမြတ်ထွဋ်ညွန့်၊ (၂၁) ဘ၀ကိုပြောင်းလဲစေသော အတွေးအခေါ်များ - ဒေါက်တာမြတ်ထွဋ်ညွန့်၊ (၂၂) ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်၀တ္ထုတိုများ - သက်ဝေမောင်၊ (၂၃) လူငယ်တွေကို ယုံကြည်ပါ - သိုက်စိုးထွန်း (နတ်ရွာ)