၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် နံနက် ၁၀:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ စာမူများအား ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။