၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်တွင် စာအုပ် (၃၀) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ယဉ်ကျေးမှုမြို့တော်မှမြန်မာ့ရိုးရာလုပ်ငန်း ဆယ်ပွင့်ပန်း - နတ်မောက်ထွန်းရှိန်၊ (၂) သိထားသင့်သောခွေးရူးရောဂါအကြောင်း - ဒေါက်တာ ခင်စန်းမော်၊ (၃) လက်ရွေးစင် အက်ဆေးများ - မောင်ရင့်မာ (ကျောင်းကုန်း)၊ (၄) စူဠသောတာပန်လက်စွဲ - သုတေသီမောင်မောင်၊ (၅) အောင်မြင်ကြွယ်၀ချမ်းသာစေမည့် တွေးခေါ်မှုအလေ့အထများ - သူရမွန် (စက်မှုတက္ကသိုလ်)၊ (၆) အရှေ့တောင်အာရှ၀တ္ထုတိုများ - သစ်ဦးဇင်၊ (၇) ချစ်ခြင်းဖြင့်စီးနွဲ့သော မွန်ယဉ်ကျေးမှုနယ်မြေ - မိန်းကလေး၊ (၈) အစိုးရအရာထမ်းနှင့်အမှုထမ်းများလက်စွဲထားရမည့် စာအုပ် - ဦးအေးကို၊ (၉) အဘိဓမ္မာဒေသနာနည်းလာဓာတ်ပညာအဖွင့် - ဒေါက်တာမောင်ဖြေ၊ (၁၀) ရန်ကုန်ဟာ မလုံခြုံတော့ဘူး လူမှုရှုခင်းစာစုများ - ဆောင်းဖြူ၊ (၁၁) သန္တသွင်ပြင်ကဗျာများ - တက္ကသိုလ် တောသား၊ (၁၂) ကမ္ဘာပတ်၍ကုလားထိုင်ရှာခြင်းနှင့် ရသ၀တ္ထုတိုများ - သရဝဏ် (ပြည်)၊ (၁၃) တစ်ကုဋေတန်သော ပတ်မချက် (မြန်မာ့အနုသုခုမဆောင်းပါးများ) - သိန်းသန်းဝင်း (မလှိုင်)၊ (၁၄) စခန်းလည်းစုံ ပန်းလည်းစုံ ကဗျာများ - သန်းအောင် (အညာမြေ)၊ (၁၅) မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး - တက္ကသိုလ်စိန်တင်၊ (၁၆) အမေ့ရဲ့ဆန္ဒနှင့် ဘာသာပြန်ဆောင်းပါးများ - တက္ကသိုလ် လှကြွယ်၊ (၁၇) အရေပြားတစ်ထောက် ပတ္တမြားငမောက် - ဒေါက်တာမောင်မောင်ညို၊ (၁၈) လူတိုင်းအတွက် မျိုးဆက်ပြန့်နှင့် ကျန်းမာရေး - ဒေါက်တာ မောင်မောင်ညို၊ (၁၉) မမေ့နိုင်သော ဆေးလောကအဖြစ်ဆန်းများ - ဒေါက်တာမောင်မောင်ညို၊ (၂၀) လူတိုင်းအတွက် ရောဂါလက္ခဏာ ကုဆေးပညာ - ဒေါက်တာ မောင်မောင်ညို၊ (၂၁) ရခိုင်ပြည်သူများ၏ လွတ်လပ်ရေးကြိုးပမ်းမှု - ဦးမြသိန်း (ကြေး/မြေ ညွှန်မှူးချုပ်-ငြိမ်း)၊ (၂၂) စာအုပ် ၁၀၀ ဇာတ်ညွှန်း ၁၀၀ စုစည်းမှု - ကိုလေးမြတ်၊ (၂၃) ကျေးလက်လယ်ယာတေးသံသာ - ကိုဖိုးအေး (မြန်မာ့အသံ)၊ (၂၄) မောင်ကိုကို အက်ဆေးများ - မောင်ကိုကို (အမရပူရ)၊ (၂၅) ခေတ်ပြိုင်ပန်းချီဆရာများ - မောင်ကိုကို (အမရပူရ)၊ (၂၆) လူငယ်များအတွက် လျှပ်စစ် - သိပ္ပံစိုးမြင့်နိုင်၊ (၂၇) တိမ်ကလေးရဲ့ ကောင်းကင်ပြာ ကလေးကဗျာများ - မြေလတ်မောင်မြင့်သူ၊ (၂၈) အခြေခံနှလုံးသားပညာခေတ် မဂ္ဂဇင်းရသအတွေးအမြင်များစုစည်းမှု - နေဝေး၊ (၂၉) မြန်မာ့သူနာပြုနှင့် သားဖွား သမိုင်းမော်ကွန်း - ရွှေမိုးတားဝင်းကြည်ရွှေ (စိတ်ပညာ)၊ (၃၀) ရနံ့မပြယ်သည့် ပန်းစံပယ်လူငယ် ၀တ္ထုတိုများ - နိုင်မျိုးသစ္စာ (နမ္မတူ)