၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်တွင် စာအုပ် (၂၂) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကြိုက်လွန်းလို့ရေးဖြစ်ခဲ့တဲ့စာ - ဇော်ခိုင်ဦး၊ (၂) ပျိုမေတို့ဘ၀လှပစေဖို့ … - မရည်မွန် (ကျုံပျော်)၊ (၃) အုန်းပွင့်ပန်းခိုင် တလှိုင်လှိုင် ရခိုင်မြို့ဟောင်း ဘုရားပေါင်း - မေဦးသိန်းညွန့်၊ (၄) ဘ၀အစနှင့် ဘ၀မှလွတ်မြောက်ခြင်း - ဒေါက်တာမောင်မောင်စိုး၊ (၅) ဂျော့ ဆိုရော့စ် (သို့မဟုတ်) မေတ္တာရှင် သန်ကြွယ်သူဌေးကြီး SOROS - ကျော်ထက်ထွန်း၊ (၆) သတင်းမီဒီယာလက်စွဲ - စိုးစိုးနိုင် (ကြေးမုံ)၊ (၇) ဖားကန့်ကျောက်စိမ်းမြေမှ ဖြစ်ရပ်ဆန်းများနှင့် အခြားဖြစ်ရပ်မှန် ၀တ္ထုတိုများ - အေးမွန်ကျော် (နမ္မတီး)၊ (၈) မြန်မာနိုင်ငံ၏ သမ္မတကိုးဦး အတ္ထုပ္ပတ္တိ (၁၉၄၈-၂၀၁၆) - နေရီရီစာတည်းအဖွဲ့၊ (၉) အယူတော်မင်္ဂလာ ပညာအညွှန်း - မင်းရှိန်အောင်၊ (၁၀) မိုးမခ အလွမ်း - စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)၊ (၁၁) ရေနိုင်ငံရေး - ဒေါက်တာခင်မောင်လွင်၊ (၁၂) အနောက်မြောက်တောင်တန်းများဆီမှ ပွင့်လန်းလာသော … - ဇော် (မန်းတက္ကသိုလ်)၊ (၁၃) ဓမ္မဒဿန ရသဖတ်စာ ကဗျာများ - ေဥယျ၊ (၁၄) ''ဇီ၀ဓာတ်ငွေ့နည်းပညာ'' - ရွှေနဂါးတင်ဝင်း၊ (၁၅) ပင်လယ်ရေ ကိုအောင်ဆန်းနဲ့သူ့မိတ်ဆွေများ - စိုးနိုင် (မန္တလေးတက္ကသိုလ်)၊ (၁၆) INSEIN CHRONICLE WOMEN'S LIFE IN JAIL – SHWEGU MAY HNIN၊ (၁၇) တိတ်ဆိတ်သောရွာကလေးနှင့် အခြားလက်ရွေးစင်၀တ္ထုတိုများ အတွဲ (၁) - နေထွဋ်နောင်၊ (၁၈) ငယ်ချစ် ကဗျာစုစည်းမှု - နန္ဒာမိုးကြယ်၊ (၁၉) စပါးအစွမ်းရှိ စိုက်နည်းစနစ် - သိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)၊ (၂၀) ခြွေရက်လို့ပဲ …ဝေခဲ့လေသလား လုံးချင်း၀တ္ထု - ဇော်ညီညီ (နေပြည်တော်)၊ (၂၁) လက်တွေ့ချမ်းသာ အယူတော်မင်္ဂလာ - အောင်ကောင်းစံလင်းမျိုးသန့်ထွန်း၊ (၂၂) ကျောက်မျက်ရတနာ အမေးအဖြေ - ဦးမြင့်ဝေ (ကြို့ပင်ကောက်)