၁။ မန္တလေးမြို့၊ မလွန်ဈေး ဆန်လှူအသင်းကြီးသည် စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုး သုံးခုနှင့် မန္တလေးမြို့ပေါ် ခြောက်မြို့နယ်၌ သီတင်းသုံး နေထိုင်တော်မူသော ရဟန်း၊ သီလရှင်၊ ကိုရင်၊ ဖိုးသူတော်များအတွက် ဆွမ်းဆန်တော်များ အလှူခံပြီး ပြန်လည်လှူဒါန်းသော သာသနနုဂ္ဂဟ အသင်းကြီးဖြစ်ပါသည်။
၂။ ယင်းအသင်းကြီးကို မြန်မာသက္ကရာဇ် ၁၂၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခု ၁၃၇၈ ခုနှစ်၌ နှစ်ပေါင်း ၁၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် မော်ကွန်းစာစောင်ထုတ်ဝေခဲ့ရာ အသင်းကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၊ တိပိဋကဘွဲ့ရ ဆရာတော် ကြီးများနှင့် မြန်မာနိုင်ငံအနှံ့မှ စာရေးဆရာကြီး (၁၄၀) ကျော်၏ စာပေလက်ရာများကို စုစည်းဖော်ပြနိုင်ခဲ့ပါသည်။
၃။ မန္တလေးမြို့ မလွန်ဈေး ဆန်လှူအသင်းကြီး နှစ် ၁၂၀ ပြည့် မော်ကွန်းစာစောင်ကို ပြည်သူများ ဖတ်ရှုလေ့လာကြည်ညိုနိုင်ရန် အသင်းဥက္ကဋ္ဌကြီး အမှူးပြုသော အလုပ်အမှုဆောင် အဖွဲ့၀င်များ စုစုပေါင်း (၁၂) ဦးက စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သို့ မော်ကွန်းစာစောင် ငါးစုံ (၁၀-အုပ်) ကို ၂၁-၁၁-၂၀၁၆ ရက် နံနက် (၈ : ၃၀) နာရီတွင် လာရောက်လှူဒါန်းခဲ့ပါသည်။ အသင်းကြီးက မန္တလေးရှိ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သို့လည်း အနည်းဆုံး နှစ်စုံ (၄-အုပ်) ထပ်မံ လှူဒါန်းသွားမည်ဖြစ်ပါသည်။
၄။ စာပေဗိမာန် စာတည်း(တာ၀န်ခံ)များ စုပေါင်း၍ စာပေဗိမာန်ထုတ် ၂၀၁၇ ခုနှစ် ပြက္ခဒိန် အစောင် ၃၀ ကို ဧည့်သည်တော်များအား မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါသည်။