၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်တွင် စာအုပ် (၁၄) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ငယ်ဘ၀အလွမ်းဝေ အချစ်ကဗျာများ - ဇာနည်၊ (၂) မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သူတော်ကောင်းနှလုံးရည် - ကျော်လှိုင်-ဝိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ (သက္ကတ)၊ (၃) ချစ်သောကမ္ဘာမှာ … - ဒေါက်တာစိုးနန္ဒာထက်၊ (၄) လမင်း ကကြိုး၀တ္ထုတို -ဆဲဗင်း၊ဆိုလိုရှိုး - အဲမွန်တာရာ၊ (၅) ရှေးအညာ ဆေးကျောင်းသား - ဒေါက်တာအောင်ကျော်မြင့်၊ (၆) ဆီးချိုသွေးချိုရောဂါနှင့် မြန်မာ့ဓလေ့အစားအစာ - ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး)၊ (၇) ရုပ်ပွားတော်အနုပညာနိဒါန်း - တင်ဝင်း (ရေစကြို)၊ (၈) လူတိုင်းကျန်းမာ ဥသ္မာ တိုင်းရင်းဆေးပညာ (ဝိဇ္ဇာဓရ နယ) - ရွှေပြသတ္တိ စစဦးကျော်မြင့်၊ (၉) အသက် ၃၀ ကျော်တဲ့အခါ - ဒေါက်တာစိုးနန္ဒာထက် (အရေပြားအထူးကု)၊ (၁၀) တူနှစ်တူ ရင်တွင်းစကား - ဘထွန်းအောင်၊ (၁၁) သူငယ်ချင်းများနှင့် မျှဝေစရာစားမြိန် ဟင်းလျာများ အတွဲ (၄) – Chaw Su (Food Friends)၊ (၁၂) ANCIENT MYANMAR HISTORICAL TERMS – U THEIN HLAING၊ (၁၃) ဘ၀ပုံကြမ်းလေးများ (၀တ္ထုတိုစုစည်းမှု) - ဖြိုးထိန်၊ (၁၄) မြန်မာ့ပုံရိပ်နှင့် အခြားအက်ဆေးများ - UTA (ရန်ကုန်တက္ကသိုလ်)