ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီနှင့် သဘာပတိအဖွဲ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ နံနက် (၁၀:၀၀) နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးသို့ ကော်မတီဝင်နှင့် သဘာပတိများဖြစ်ကြသော စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးအောင်ရှင် (မုံရွာအောင်ရှင်)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာတိုးလှ၊ ဦးမြဟန်၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာလှမောင်၊ ဦးမျိုးမြင့်၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် ဖြစ်မြောက်ရေးကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးဇော်မင်းကျော် (ပြည်သွေးနိုင်)၊ ဒေါက်တာမိုးဟိန်းဇော်၊ ဦးသန့်လွင်မောင် (ကိုတာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဝင်းချို (ဓူဝံစာပေ)၊ ဦးအောင်သန်း (မင်းခန့်ရွှေ)တို့ တက်ရောက်ကြပြီး ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးအံ့မောင် (အံ့မောင်-မုံရွာ)၊ ဦးအံ့ကျော်၊ ဒေါ်စမ်းစမ်းနွဲ့ (စမ်းစမ်းနွဲ့-သာယာ၀တီ)၊ ဦးကိုကိုလှိုင် (ကိုကိုလှိုင်)၊ ဦးရဲနိုင်အောင် (ကို၀) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန် တင်သွင်းလာ သော စာတမ်းများကို ဖြစ်မြောက်ရေးကော်မတီဝင်များနှင့် သဘာပတိအဖွဲ့ဝင်များက လေ့လာ ဖတ်ရှုညှိနှိုင်းဆွေးနွေးကြပြီး စာတမ်းဖတ်ပွဲ၌ ဖတ်ကြားသင့်သည့် စာတမ်းများကို ရွေးချယ်ခဲ့ကြသည်။