၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၀ ပြည့်နှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုး အလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် စာအုပ် (၁၁) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည်-
(၁) ရွှေလေလှိုင်းမှ အနန္တရလဒ်နှင့်ဝတ္ထုတိုစုစည်းမှု - သင်းအောင်သန်း၊ (၂) ခရီးသွား ဟင်းလေးအိုးကြီး - သတိုးလွင် (ပထဝီဝင်)၊ (၃) A MOTLEY COLLECTION OF MY WORKS – AYE PHYU၊ (၄) လထွက်ကလေးရထားပေါ်တင် မဂ္ဂဇင်းဝတ္ထုတိုများ - ရွှေမိုးတားဝင်း ကြည်ရွှေ (စိတ်ပညာ)၊ (၅) သေခြင်း၏နောက်ကွယ်၌နှင့်သုတ၊ ရသဆောင်းပါးများ - သောင်းညွန့်သွင် (သရက်)၊ (၆) ဒေးဗစ်ကော်ပါဖီးလ် - သန်းဌေး (မြန်မာပြန်)၊ (၇) မှောင်ရိပ်ကလိပ်ပြာမဂ္ဂဇင်းဝတ္ထုတိုများ - ဆေးဆေ၊ (၈) အာဆီယံပုံပြင်ကမ္ဘာ - မိုးဇော်စိုး၊ (၉) အသက်အရွယ်အလိုက်လှုပ်ရှားမှုများ ကာတွန်းရေးဆွဲပုံအဆင့်ဆင့် - ကာတွန်းတာရာ၊ (၁၀) ကလေးဘဝကစားကြမယ်ဆေးရောင်လှလှခြယ်ကြကွယ် - မြင့်ကေ၊ (၁၁) ကိုရိုနာဗိုင်းရပ်စ်ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြင်အပ်မမြင်အပ်စွမ်းအင်ဓာတ်များ (ကျန်းမာရေး အသိပညာပေးဆောင်းပါးများ) - မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ်