၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
လူငယ်စာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဦးတင့်ခိုင် (တင့်ခိုင်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် လူငယ်စာပေ စာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။