၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အမျိုးသားစာပေဆုအဖွဲ့ငယ်ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပါမောက္ခဦးသိန်းလှိုင်၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါ်ြမမြသန်း (မနှင်းဖွေး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဒေါက်တာအောင်ကြီး တို့နှင့် Virtual Meeting ပြုလုပ်သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးအတွက် ဆုရွေးချယ်ရေးအဖွဲ့ငယ်အလိုက် သုံးသပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။