၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၇) ရက်တွင် စာအုပ် (၇၂) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) သမိုင်းနှင့်စကားပြောခြင်း - ဒေါက်တာသန်းထွန်း၊ (၂) အယူမှန်၊ အမြင်မှန် အသိမှန် အရိယာဖြစ်ရန် - အရှင်ဝိမလ၊ (၃) စိတ်ထားတည်ငြိမ် ကိုယ်ပိုင်ချိန် … ယူထားလိုက် - တိပိဋက ယောဆရာတော်၊ (၄) ပေါက်ဖတ်မှလိပ်ပြာ - သားနဲ့သမီးစာတည်းအဖွဲ့၊ (၅) နှင်းဆီရွာ - စုငြိမ်းချမ်း၊ (၆) သူငယ်ချင်းကောင်းဆိုတာ - မေကျော်(ပြန်/ဆက်)၊ (၇) ရှဉ့်ပေါက်လေးနဲ့ခြင်္သေ့ဘုရင် - ဧဒင်နန္ဒ(ဆင်ဖြူကျွန်း)၊ (၈) လွတ်လပ်ခြင်းပုံပြင် - သံလွင်မြင့်၊ (၉) သူတို့ကမ္ဘာ - လွိုင်ကော် ပုံပြောသူများအဖွဲ့၊ (၁၀) သတ္တိအရှိဆုံးသူ - အောင်မျိုးထက်၊ (၁၁) တိမ်မည်း တိမ်ဖြူ ဝိုင်းလို့ကူ - ညောင်ရွှေပုံပြောသူများအဖွဲ့၊ (၁၂) ချို ဗြောက်သီး ခူးချင်တယ် - ဆုမြတ်ဌေး၊ (၁၃) မိရွှေဝါ - အိအိမွန်၊ (၁၄) ဝါဝါလေးက ဘယ်သူလဲ - သံလွင်မြင့်၊ (၁၅) ဓူဝံကြယ်လေး လင်းလက်လက် - ပခုက္ကူပုံပြောသူများအဖွဲ့၊ (၁၆) ရတနာသုတ်တော် - အရှေ့အိမ်၊ (၁၇) မိဘနှင့်သားသမီး ဆက်ဆံရေး ဝတ္ထုဆောင်းပါးများ - ခင်မောင်သန်း၊ တင်မောင်သန်း၊ (၁၈) ပစ္စုပ္ပန်ဘဝဖြစ်စဉ် အကျဉ်း - မန်လည်ဆရာတော် ဘုရားကြီး၊ (၁၉) ကိုယ်တွေ့အာနုဘော် ကြီးမားသော မဟာပရိတ် တော်ကြီး - ဦးအောင်သိမ်းမြတ်၊ (၂၀) ကန္ဒာရဝတီ ငွေတောင်ပြည်သို့ - ဇော်လွင်ဦး(ဟင်္သာတ)၊ (၂၁) ငြိမ်းချမ်းတဲ့ … ဆု (ကလေးကဗျာများ) - နန္ဒာမိုးကြယ်၊ (၂၂) သံဝေဂနှင့်သံယောဇဉ် အပါအဝင် အခြားဝတ္ထုတိုများ - ကျော်လွင် (စက်မှု)၊ (၂၃) ပဲ့တင်သံကောက်ကြောင်း - ချစ်နွေမိုး၊ (၂၄) အရုဏ်ကျင်းလို့လင်းလုပြီကိုနှင့်အခြားဝတ္ထုတိုများ - ကံမြင့်မော်၊ (၂၅) ပန်းလောင်ကဗျာဝိုင်း အပတ်စဉ်(၁၀၀) ပြည့် အထိမ်းအမှတ် - ကလောင်စုံ၊ (၂၆) ခေတ်ပြိုင် မြန်မာကဗျာကို ချဉ်းကပ်ခြင်း - အောင်ခင်မြင့်၊ (၂၇) ဘုတ်ပျံရှူးပျံ လောကဓံ - ဒေါက်တာအရှင်ဥတ္တမာနန္ဒ၊ (၂၈) ဂန္ထဝင်အငြိုး - လွန်းထားထား၊ (၂၉) အနာဂတ် ထက်မြက်သောခေါင်းဆောင်မှု - နေဇင်လတ်၊ (၃၀) မဖြစ်မနေလေ့လာသင့်သည့် JLPT N4 သဒ္ဒါ - ကလောင်စုံ၊ (၃၁) စကားကြီးလေးခွန်း - ဆုပြည့်စုံထွန်း၊ (၃၂) ကံဆိုးတဲ့မျောက်မိုက် - ဆုပြည့်စုံထွန်း၊ (၃၃) ပညာရှိအမတ်ကြီးနှင့် တရားခံအစစ် - ဆုပြည့်စုံထွန်း၊ (၃၄) မိုးခါးရေ - ဆုပြည့်စုံထွန်း၊ (၃၅) ရတနာနတ်မယ် သို့မဟုတ် တစ်ခါတုန်းက သမ္မတကတော် - သန်းဝင်းလှိုင်၊ (၃၆) သကာတွေ့တဲ့နေ့နှင့်အခြားဝတ္ထုတိုများ - သောင်းမြင့်ဦး၊ (၃၇) ချင်းတွင်းဒေသဖောင်သမားဘဝ အတွေ့အကြုံ စာမျိုးစုံများ - ကျော်သောင်း (ဘုတလင်)၊ (၃၈) မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ၄ - စာပေဗိမာန်၊ (၃၉) မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ၅ - စာပေဗိမာန်၊ (၄၀) မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ၆ - စာပေဗိမာန်၊ (၄၁) သမီးနာမည် နာနာပါ - သပြေ(ကိုရီးယား)၊ (၄၂) စစ်ကြိုခေတ် ဗကသခေါင်းဆောင် သံမဏိတပ်ဗိုလ်ချုပ် မောင်မောင် ဗကပဗဟိုကော်မတီဝင် ဗိုလ်အောင်သူ - မောင်ဆွေသက်၊ (၄၃) အသံမဲ့ကမ္ဘာမှ ကယ်တင်ခြင်း - ပါမောက္ခ ဒေါက်တာစိုးတင်၊ (၄၄) ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံး အရေးတော်ပုံ - နေသွင်ညိဏ်း၊ (၄၅) ကျန်ရစ်သူများအတွက် - အရှင်ဥတ္တမ၊ (၄၆) မိခင်တို့၏ မေတ္တာမိုးနှင့်ဓမ္မရသစာစုများ - မြသန်းစံ၊ (၄၇) ဘာရွေးမလဲ - မြတ်ငြိမ်း၊ (၄၈) CHECK IN - ဆောင်းဒီ၊ (၄၉) ဆရာတော်ဦးဥတ္တမ - ဗမာ့ခေတ်ဦးဘရင်၊ (၅၀) ဘေဒေါ် ကဗျာများ - ဇေယျာလင်း၊ (၅၁) ဆင့်ကဲဖြစ်စဉ် - သုခေတ်၊ (၅၂) မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများ စုစည်းမှု - ဥပဒေသုတေသီ ခင်ဝင်းမြင့်၊ (၅၃) စေတနာ၊ မေတ္တာနှင့် အကြင်နာစာစုများ - ကိုကိုပံသု၊ (၅၄) ဟယ်ရီပေါ်တာ မှော်သမိုင်းခရီး - ကောင်းမြတ်လွန်းသော်၊ (၅၅) ဂမ်ဘီယာ Bumsters - မျိုးဇေယျာဦး၊ (၅၆) ခေတ်သစ်စတော့ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ် - သက်ထွန်းဦး၊ (၅၇) အမှောင်မှာနေတာ ကျင့်သားရပြီပဲ - ကိုတင်အေးကြူ၊ (၅၈) အရေးတော်ပုံ - အောင်ကိုး၊ (၅၉) သုံးရာသီသခင် မြန်မာ့လယ်ယာကဗျာများ - ဆန်လုံးညို၊ (၆၀) ရဲတွေအကြောင်း ကောင်းကောင်းသိစေချင် - ရဲမှူးကြီးမြင့်ဝေ(ငြိမ်း)၊ (၆၁) ယနေ့များ လက်ရွေးစင် ကဗျာစုစည်းမှု - ထွန်းလွင်သွယ်၊ (၆၂) ကလေးတို့အတွက် သိမှတ်ဖွယ်ရာ သုတအဖြာဖြာ - ဒေါက်တာသန့်စင် (ရူပဗေဒ)၊ (၆၃) ဘဝဗိသုကာ ကဗျာများ - ဟိန်းဝဏ္ဏစိုးဝင်း (တိုက်ကြီး)၊ (၆၄) မြန်မာဂန္ထဝင် အငြိမ့်သဘင် - မင်းသျှင်အောင် (တွံတေး)၊ (၆၅) ရွှေစင်တစ်ရစ် မြတစ်ရစ် ဝတ္ထုတိုများ - ယိမ်းနွဲ့လျှံ၊ (၆၆) ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက် မီးသွေး - ပန်းတနော် ခင်မောင်မြင့်၊ (၆၇) အဝေးကြည့်မှန်ပြောင်းနှင့်အခြားဝတ္ထုတိုများ - ကျော်လွင် (စက်မှု)၊ (၆၈) ကမ္ဘာသားအားလုံးအတွက် စိန်ခေါ်ချက်များ - ဒီပံလင်း၊ (၆၉) ကိုယ်တိုင်ကျင့် တစ်ဆင့်ပွား ကျန်းမာရေး ပညာပေး ကလေးကဗျာများ - စိုးမိုး၊ (၇၀) ရှစ်လုံးထိုးကဗျာများ - မိုးကျော်သူ၊ (၇၁) ကယားတို့၏ ဘဝဓလေ့ - မြတ်ဝေတိုး၊ (၇၂) ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း - ဂျင်ဂျာ၊