• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်း အစည်းအဝေးကျင်းပ

ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်း အစည်းအဝေးကျင်းပ

01-Oct-2020
စာပေဗိမာန်,
SPBM

ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် နယ်ပယ် တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်း ငွေကျပ်သန်း ၁၅၀   ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကို (၂၉-၉-၂၀၂၀) ညနေပိုင်းတွင် ကျင်းပသည်။

အွန်လိုင်းအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေနယ်ပယ်မှ ကိုယ်စားလှယ် ဦးထင်လင်းဦး၊  သတင်းမီဒီယာနယ်ပယ်မှ ဦးကျော်စွာမင်း၊ ဦးမြတ်ခိုင်၊ ဦးချစ်ဝင်းမောင်၊ ဦးဝဏ္ဏ (မာဂျေ) ၊ ဦးမြင့်ကျော်၊ ဦးနိုင်မင်းဝေ၊ ဒေါ်နန်း ဖော့ဂေ၊ ဒေါ်မေရီငြိမ်းချမ်း၊ ဒေါ်တင်ဇာ၊  ဦးဌေးအောင်၊ ဦးခွန်စိုင်းအောင်၊ ရုပ်ရှင်နယ်ပယ်မှ ဦးညီညီ ထွန်းလွင်၊ ဦးအေးကြူလေး၊ သဘင်နယ်ပယ်မှ မင်းသား ဦးဖိုးချစ်၊ ဦးနေဝင်း၊  ဂီတနယ်ပယ်မှ ဦးဇော်ထူးအောင်၊ ဦးမြင့်မိုးအောင်၊ ဒေါ်ဟေမာနေဝင်း၊ ဦးနိုင်ဇော်၊ ဦးကိုကိုလွင်၊ ဦးကြည်မင်းသိန်း၊ စန္ဒရားသိန်းမြင့်သန်းတို့က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ သက်ဆိုင်ရာနေရာ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ်သန်း ၁၅၀ ကို ကိုဗစ်ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာရှင်များအတွက် နယ်ပယ် တစ်ခုလျှင် ငွေကျပ် သန်း ၃၀ ဖြင့် နယ်ပယ် ငါးခုအတွက် စုစုပေါင်း ကျပ်သန်း ၁၅၀ ကို ထောက်ပံ့ လှူဒါန်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

စာပေနယ်ပယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ မြန်မာစာရေး ဆရာကလပ်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ သတင်းမီဒီယာနယ်ပယ်တွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်သမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ BNI ၊ အမျိုးသမီး သတင်းစာ ဆရာများအသင်း၊ အထက်မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ ရုပ်ရှင်နယ်ပယ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်နယ်ပယ်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ ဂီတနယ်ပယ်တွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ တေးသံရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ် လုပ်သူ များအသင်း၊ မြန်မာနိုင်ငံ ဂီတ ပညာရှင်များအသင်း၊ မြန်မာနိုင်ငံ အသံပညာရှင်များအသင်း၊ မြန်မာ့ဂီတ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့မှ အနုပညာရှင်များပါဝင်ကြောင်း သိရသည်။

ဆွေးနွေးညှိနှိုင်းချက်များအရ စက်တင်ဘာ ၃၀ ရက်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များထံ ငွေကျပ် သန်း ၃၀ စီကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်များမှတစ်ဆင့် စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော အနုပညာသမားများအား ဆက်လက်ထောက်ပံ့ ပေးနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

01-Oct-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

01-Oct-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

01-Oct-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
  • ရွှေသွေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman