• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၂၀၁၆-၂၀၂၀) လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်ရေးဆောင်ရွက်ချက်များ

29-Sep-2020
စာပေဗိမာန်,
SPBM

 ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ ပြည်သူတို့၏ စာပေအသိပညာ ဗဟုသုတများကို တိုးပွားစေရန်၊ လူထုမီဒီယာမှတစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှုကို  ဆောင်ရွက်ရန်နှင့် အစိုးရအဖွဲ့အစည်းများ၏ ပုံနှိပ်လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး စီမံချက်များချမှတ်နိုင်ရန်ဖြစ်သည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည် နိုင်ငံတော်အဆင့်ထုတ်ဝေသည့် စာအုပ်စာစောင်များကို ပုံနှိပ်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက အပ်နှံလာသည့် ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ပညာရေးဝန်ကြီးဌာနက အပ်နှံလာသည့် ပြဋ္ဌာန်းစာအုပ်များကို အရည်အသွေးပြည့်မီစွာနှင့် အချိန်ကိုက်ပုံနှိပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ထိုပုံနှိပ်လုပ်ငန်းများကို နေပြည်တော်ရှိ ပုံနှိပ်စက်ရုံ ၁ ရုံ၊ မန္တလေးရှိ ပုံနှိပ်စက်ရုံ ၁ ရုံနှင့် ရန်ကုန်ရှိ ပုံနှိပ်စက်ရုံ ၅ ရုံတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ၂၀၁၆-၂၀၂၀ ခုနှစ် လေးနှစ်တာကာလအတွင်း ဌာန ၏ ရည်မှန်းချက်ဖြစ်သည့် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ပညာရေးဝန်ကြီးဌာနမှ အပ်နှံသည့် အခြေခံပညာကျောင်းသုံးစာအုပ်များကို ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် အမှာစောင်ရေ ၁၇ ဒသမ ၁ဝ၉သန်း၊ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အတွက် အမှာစောင်ရေ ၃၅ ဒသမ ဝ၂၅ သန်း၊ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်အတွက် အမှာစောင်ရေ ၃၉ ဒသမ ၂ဝ၃ သန်း၊ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် အမှာစောင်ရေ ၄၁ ဒသမ ၆၉၈ သန်းတို့ကို            ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ခဲ့သည်။
   ( ခ)    ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ် (၂,၄၇၂,၆ဝဝ) စောင်၊ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် (၁,၁၂၉,ဝ၅ဝ) စောင်တို့ကို ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ခဲ့သည်။
    ( ဂ )    နှစ်စဉ် အမျိုးသားစာပေတစ်သက်တာဆု၊အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု များ ရွေးချယ်နိုင်ရေး၊ အခမ်းအနားများ ကျင်းပနိုင်ရေး လုပ်ငန်းများနှင့် စာတမ်းဖတ်ပွဲ ၆ ကြိမ်၊ စာပေစကားဝိုင်း ၄ ကြိမ်တို့ကို ဆောင်ရွက်ခဲ့သည်။
  (ဃ)    ၁၉၅၄ ခုနှစ်က ထုတ်ဝေခဲ့သော မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်နှင့်အညီ ပြန်လည်ထုတ်ဝေရန်အတွက် ဤဦးစီးဌာနနှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးတွဲ၍ ဆောင်ရွက်လျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) ထုတ်ဝေရေး အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ဝေဖြန့်ချိနိုင်တော့မည်ဖြစ်သည်။
    ( င )    လူငယ်များ စာကောင်းပေမွန်များ တစုတစည်းတည်း အသင့်ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် မြန်မာစာပေသမိုင်းတစ်လျှောက် အေဒီ ၁၈ ရာစုမှ ၂၀ ရာစုအထိ ပေါ်ထွန်းခဲ့သည့် သုတ၊ ရသ စာကောင်းပေမွန်များကို စာပေအမျိုးအစား၊ ပညာရပ်အလိုက် ကဏ္ဍခွဲပြီး မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ်များအဖြစ် ထုတ်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝတ္ထုရှည်အတွဲ (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) စာအုပ် များကို ထုတ်ဝေနိုင်ခဲ့ပြီး ဝတ္ထုရှည်အတွဲ (၇၊ ၈၊ ၉) မှာ ပုံနှိပ်ပြီးစီးပြီဖြစ်၍ ဖြန့်ချိရန် အသင့် ရှိနေပြီ ဖြစ်ပါသည်။
    ( စ )    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရုံးသို့ လာရောက်ပြီး ပြည်သူအများအတွက် ဗဟုသုတရရှိစေနိုင်မည့် စာကောင်းပေမွန်များ ထုတ်ဝေရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးအတွက် လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
    (ဆ)    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လ ၁၉ ရက်တွင် နေပြည်တော်၌ လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် မန္တလေးမြို့၌ လည်းကောင်း စာရေးဆရာ၊ ဆရာမကြီးများနှင့် တွေ့ဆုံလျက် စာပေရေးရာများ၊ မြန်မာ့စာပေဖွံ့ဖြိုးရေးများကို ဆွေးနွေးခဲ့ပြီး မိတ်ဆုံညစာစားပွဲ ပြုလုပ်ခဲ့သည်။
    
တိုးတက်မှုများ (စီမံကိန်းလုပ်ငန်းများ အပါအဝင်)
    (က)    ပုံနှိပ်လုပ်ငန်းအနေဖြင့် ပြင်ပပုံနှိပ်လုပ်ငန်းနှင့် ပုံနှိပ်အရည်အသွေး ယှဉ်ပြိုင်နိုင်ရန် အတွက် ၂ဝ၁၆ ခုနှစ်တွင် 4 Unit Sheetfed Offset KBA (၁) လုံး၊ ၂ဝ၁၇ ခုနှစ်တွင် City Line (4 Hi Tower) Web Offset (၁) လုံးနှင့် Auto Perfect Binding (4 Clamp) (၂) လုံး၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် Sakurai 4 Unit Sheetfed Offset (၁) လုံး၊ Screen Computer to Plate (၁) လုံး၊ Double Head Stitcher ချုပ်စက် (၁) လုံး၊ Hard Cover Casing Machine (၁) လုံး၊ Thermal Embossing Machine (၁) လုံး၊ Semi Auto Gathering and Stitching Machine (၂) လုံး၊ Auto Perfect Binder (7) Clamp (၂) လုံးတို့ကို ဝယ်ယူ အစားထိုးတပ်ဆင်နိုင်ခဲ့သည်။
    ( ခ )    ၂၀၁၆ ခုနှစ်မှစ၍ အမျိုးသားစာပေတစ်သက်တာဆုတွင် ပညာရှင်နှင့် စာရေးဆရာ ဟူ၍ ဆုနှစ်ဆု သတ်မှတ်ချီးမြှင့်ပေးခြင်း၊ ယခင်အမျိုးသား စာပေဆုတွင် ဆုအမျိုးအစား (၁၆) မျိုး ရှိရာ ၂၀၁၇ ခုနှစ်မှစ၍ ရသစာတမ်း (အက်ဆေး) နှင့် ရည်ညွှန်းစာပေဆု (၂) မျိုးထပ်မံတိုးမြှင့်၍             ဆု (၁၈) မျိုး ချီးမြှင့်ပေးခြင်း၊ စာပေဗိမာန်စာမူဆု ဘာသာပြန်ဆုတွင် ယခင်က ဘာသာပြန် (သုတ) ဘာသာရပ်တစ်မျိုးတည်း ပြဋ္ဌာန်းရာမှ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုမှစတင်လျက် ဘာသာပြန် (ရသ) ဘာသာရပ်ကို တိုးချဲ့ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ စာပေဆုချီးမြှင့်ငွေများကို တိုးမြှင့်ခဲ့ရာ အမျိုးသားစာပေတစ်သက်တာဆုအတွက် ၅၀ သိန်း၊  အမျိုးသားစာပေဆုအတွက် ၂၅ သိန်း၊ စာပေဗိမာန်စာမူဆု၊ ပထမဆုအတွက် ၁၀သိန်း၊ ဒုတိယဆုအတွက် ၇ သိန်း၊  တတိယဆုအတွက် ၅ သိန်း အသီးသီး တိုးမြှင့်ချီးမြှင့်ပေးနိုင်ခဲ့သည်။
(ဂ)    စာပေဗိမာန် စာအုပ်အရောင်းဆိုင်များကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် တို့တွင် ဖွင့်လှစ်၍ သုတ၊ ရသစာအုပ်စုံလင်စွာ ရောင်းချ ပေးလျက်ရှိရာ ရန်ကုန်မြို့၊ (၃၇) လမ်းတွင် စာအုပ်အရောင်းဆိုင်သစ်ကို ၂၉-၇-၂၀၁၆ ရက် တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။    


ပြည်သူ့အကျိုးပြု ဆောင်ရွက်နိုင်ခဲ့မှုများ
    (က)    နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားရှိနိုင်ရန်နှင့် အများပြည်သူတို့ သိရှိဖတ်ရှုနိုင်ရန် မှတ်တမ်းစာအုပ်များကို ပြုစု၊ ပုံနှိပ်၊ ထုတ်ဝေနိုင်ခဲ့ပြီး မှတ်တမ်း စာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ၂၇-၈-၂၀၂၀ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။ အဆိုပါစာအုပ်များမှာ ပြည်သူ့ အတွက် ပထမရက် ၁ဝဝ မှတ်တမ်းစာအုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ မှတ်တမ်းစာအုပ် (ပထမအကြိမ်) ၊ (ဒုတိယအကြိမ်)၊ ပြည်သူ့အတွက် ပထမတစ်နှစ်တာ မှတ်တမ်း စာအုပ်၊ ဒုတိယတစ်နှစ်တာ မှတ်တမ်းစာအုပ်၊ တတိယတစ်နှစ်တာ မှတ်တမ်းစာအုပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောကြားခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်း မှတ်တမ်းစာအုပ်၊ NCA လက်မှတ်ရေးထိုးပွဲ မှတ်တမ်းစာအုပ်၊ မြန်မာ့ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် မှတ်တမ်းစာအုပ်၊ Forum on Myanmar Democratic Transition မှတ်တမ်းစာအုပ်၊ ရခိုင်ပြည်နယ်၏ တစ်နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနညီလာခံ မှတ်တမ်းစာအုပ်၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် မှတ်တမ်းစာအုပ် (ရန်ကုန်)၊ (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မှတ်တမ်းစာအုပ်၊ စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား မှတ်တမ်းစာအုပ်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ် လွှာများ မှတ်တမ်းစာအုပ် (၂၀၁၈)၊ (၂၀၁၉)၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ မှတ်တမ်းစာအုပ် (၂ဝ၁၆) ၊ (၂၀၁၇)၊ (၂၀၁၈)၊ (၂၀၁၉)၊  နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော် (၂ဝ၁၆၊ ၂ဝ၁၇၊ ၂ဝ၁၈) ခုနှစ်များအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ မှတ်တမ်းစာအုပ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် များအတွင်း ဝန်ကြီးဌာနများက ပြုလုပ်ခဲ့သော စကားဝိုင်းများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့်ပတ်သက်သည့် ရှင်းလင်းချက်၊ စကား ဝိုင်းများနှင့် ထောက်ခံမှုများ၊ နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင် ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက်များ (ပထမတွဲ)၊ (ဒုတိယတွဲ)၊ နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၀) မှတ်တမ်းစာအုပ် (ပထမတွဲ)၊ (ဒုတိယတွဲ) တို့ ဖြစ်သည်။
    ( ခ )    စာပေဗိမာန်အနေဖြင့် ရွှေသွေးဂျာနယ်၊  သုတပဒေသာ စာစောင်၊ စွယ်စုံနှစ်ချုပ်၊ စာပေဗိမာန်စာမူဆုရ စာမူများကို ပုံနှိပ်ထုတ်ဝေသည့် ပြည်သူ့ လက်စွဲစာစဉ်၊ စာတမ်းဖတ်ပွဲ စာအုပ်များ ထုတ်ဝေခြင်း၊ စာပေဗိမာန် နှစ် ၇၀ ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်၊ စာပေဗိမာန် သမိုင်း စာအုပ်၊ သုတပဒေသာ ဆောင်းပါးပေါင်းချုပ်စာအုပ်၊ ရွှေသွေးအထူးထုတ် စာအုပ် (၃) အုပ် တို့ကို ပြုစု ထုတ်ဝေနိုင်ခဲ့သည်။
    

COVID-19 ရောဂါ ထိန်းချုပ်မှု ကာလအတွင်း ဆောင်ရွက်ချက်များ
COVID-19 ရောဂါ ထိန်းချုပ်မှုကာလအတွင်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ ရည်မှန်း ချက်ဖြစ်သော ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များကို ပုံနှိပ်လျက်ရှိပြီး စာပေဗိမာန်၏ အချိန်မှန်ထုတ် စာအုပ်စာစောင်များကိုလည်း ထုတ်ဝေလျက်ရှိပါသည်။ အများပြည်သူနှင့် ထိတွေ့ ဆက်ဆံရသည့် စာပေဆု ရွေးချယ်ခြင်းလုပ်ငန်း၊ စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းနှင့် စာအုပ် ရောင်းချခြင်းလုပ်ငန်းများကို ရပ်ဆိုင်းထားလျက်ရှိပြီး COVID-19 ကာလလွန်မြောက်သွားချိန်တွင် အဆိုပါလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

                                                                                                                                                                                                                                                                                                                                                                            


related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

29-Sep-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

29-Sep-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

29-Sep-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • စာမူများ
  • ရွှေသွေး
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • စာပေရေချမ်းစင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman