၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးကျော်ဦး (ကျော်ဦး) တို့ တက်ရောက်ခဲ့ကြပြီး ဦးမော်လင်း (မော်လင်း) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတပဒေသာ (သိပ္ပံ) များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။