• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

05-Jun-2020
စာပေဗိမာန်,
SPBM

၂၀၁၉ ခုနှစ်အတွက်  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအ ဝေးကို (၄-၆-၂၀၂၀) ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ  ဗဟိုပုံနှိပ်စက်ရုံ  အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ တွင် နေရာခွဲ၍ Video Conferencing    ဖြင့် ကျင်းပခြင်း၊ နေအိမ်မှ  Zoom Cloud  ဖြင့် ဝင်ရောက်ဆွေးနွေးခြင်းတို့ဖြင့် ကျင်းပပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို   ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ တစ်နေရာတည်းတွင် စုံညီကျင်းပခြင်းမျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  နေရာခွဲခြား ကျင်းပမှုအပြင် ပညာရှင်အချို့လည်း နေအိမ်မှ ပါဝင် ဆွေးနွေးမှုဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို လတ်တလော အခြေအနေအရ ယခင်နှစ်ကထက်  တစ်လခန့် နောက်ကျပြီးမှ ကျင်းပနိုင်သော်လည်း အမျိုးသားစာပေဆု  ချီးမြှင့်မည့် အခမ်းအနားကာလအတွက် ဆောင်ရွက်ချိန် (၆)လခန့် ရရှိသည်ဟု မြင်ပါကြောင်း။

အမျိုးသားစာပေဆုသည် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည့်အတွက် တန်ဖိုးထား ဂုဏ်ယူရသကဲ့သို့ စာပေသမားများအပြင် ပရိသတ်များအနေဖြင့်လည်း တန်ဖိုးထား လေးစားမှု ရှိပါကြောင်း၊ နိုင်ငံတကာစာပေ သမားများနှင့် တွေ့ဆုံရာတွင်လည်း ယင်းဆုရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး လေးစားမှု ရှိပါကြောင်း အပါအဝင် စာပေဆုရွေးချယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာ သော်ကောင်းနှင့်  ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)  ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့ က Video Conferencing  ဖြင့်    အမှာစကားပြောကြားကြသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးကိုကိုနိုင်က   စာပေဆုဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ) က အမျိုးသား စာပေဆုအတွက် ရွေးချယ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။  

ထို့နောက် တက်ရောက်လာကြသူများက  ဆုရွေးချယ်ရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်:စည်းကမ်းများ၊ ဆုရစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာအုပ်အမျိုးအစား ခွဲခြားထားရှိမှု၊ ကလေးစာပေဆုအတွက် ပိုမိုပီပြင်ခေတ်မီသော ဆုစည်းကမ်းများ  ပြောင်းလဲသတ်မှတ်ရေး၊ ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်စာအုပ်များ ပြည့်စုံစွာ  လက်ခံရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း  ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား  ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂ဝ ပြည့် နှစ် မတ် (၄)ရက်  ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂-၆(၃)/  ၂၀၂ဝ ဖြင့် ကော်မတီ ဥက္ကဋ္ဌအဖြစ် စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)တို့ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၅၄) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိပြီး၊ ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ထပ်မံ ဖွဲ့စည်းကာ အမျိုးသားစာပေ စိစစ်ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။








related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

05-Jun-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

05-Jun-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

05-Jun-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • အရောင်းဌာန
  • ရွှေသွေး
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာမူများ
books
  • ၁၉-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အမှတ် (၅၇)၊ အတွဲ (၁၆) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ၁၂-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၅) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman