၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အမျိုးသားစာပေတစ်သက်ဆု ပဏာမရွေးချယ်နိုင်ရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေတစ်သက်တာဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ စည်သူ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးဝင်းငြိမ်း(ဝင်းငြိမ်း)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောက်ကုန်း)၊ ပါမောက္ခဦးသိန်းလှိုင်၊ ဒေါက်တာကျော်ဝင်း၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်း၊ ဦးရဲထွဋ်(သန်လျင်-မောင်ဝင်းဝါ) နှင့် ဦးမော်လင်း(မော်လင်း)တို့က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။