၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရည်ညွှန်းစာပေ ဘာသာရပ်အဖွဲ့ငယ်၏ အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ရည်ညွှန်းစာပေ ဘာသာရပ် အဖွဲ့ငယ်အလိုက် တစ်သက်တာစာပေ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးသိန်းလှိုင်၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဒေါ်ခင်းနှင်းဦး (ခင်နှင်းဦး)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်းက ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။