၂ဝ၁၈ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၀တ္ထုရှည် အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၀တ္ထုရှည် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးလေးမြတ် (ကိုလေးမြတ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာညိမ်းညိမ်း (ရှင်ငြိမ်းမယ်)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ၀တ္ထုရှည် စာမူများ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။