၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဇွန်လ (၁၃) ရက်တွင် စာအုပ် (၈) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) အမျိုးသမီးများအတွက် ခွန်အားပေးစကားများ - dar lene SALA၊ (၂) ကြည်ညိုဖွယ်ရာ မိန်းကလေး - မေတ္တာရှင် (ရွှေပြည်သာ)၊ (၃) အအေးချိန် - ခိုင်မင်းဆက်၊ (၄) မြန်မာ မြောက်ကိုရီးယားအတွင်းရေး - မောင်ရင်မောင်၊ (၅) စိန်ခေါ်မှုများနှင့် စစ်ခင်းသူ - ဇင်လင်း၊ (၆) လူပြတ်သုံးယောက် - the key collection၊ (၇) ကောင်းကင်ပြာနဲ့ မြေနီလမ်း မဂ္ဂဇင်း၀တ္ထုတိုများ - ကုမုဒြာ၊ (၈) ဒစ္စနေးကာတွန်း ရုပ်ရှင်များ - စိုးညွန့်ဇော်