၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလ (၉) ရက်တွင် စာအုပ် (၁၂၈) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကမ္ဘာပတ်လည် ပုံပြင်ဖတ်မယ် (၂) - မိုးဇော်စိုး၊ (၂) စပါးအစွမ်းဖွင့်စိုက်နည်းစနစ် - သိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)၊ (၃) အလှဗေဒ- ၃ - ဒဂုန်တာရာ၊ (၄) ရောက်တက်ရာရာစာစုများ အတွဲ (၁) – MP Moung Myint၊ (၅) ဝင်နီပူနှင့် သူငယ်ချင်းများ၏ ပျော်ရွှင်စရာ အီတာပွဲတော် - လင်းလက်ကြယ်စင်၊ (၆) ကျွန်တော့်အရေးအသားနဲ့ ကျွန်တော့်အတွေးများ - မောင်သာချို၊ (၇) စီးပွားရေးဆိုင်ရာ အထင်ကရ ဆုံးဖြတ်ချက်များ - ကိုဇေ (ရေဦး)၊ (၈) လန်ဒန်၊ ရောမ၊ ဥရောပ - မသီတာ (စမ်းချောင်း)၊ (၉) စီမံခန့်ခွဲမှုဆိုင်ရာမေးခွန်းများ - ဇော်ဝင်းကြူ (ပျဉ်းမနား)၊ (၁၀) မြစ်တစ်စင်း၏ စီးဆင်းသံ (မြန်မာပြည် ပြည်တွင်းစစ်ကာလ ၁၉၄၈-၁၉၅၂ နောက်ခံ၀တ္ထုရှည်) - မောင်တင်ဆင့်၊ (၁၁) ငြိမ်နေတဲ့လေထဲ (စကားပြေ) - နိုလှိုင်း၊ (၁၂) သစ်မိစ္ဆာခေါ်သံ - လင်းခန့်၊ (၁၃) မြစ်ကမ်းလမ်း (၀တ္ထုတိုများ) - သံဗျင်ဦး၊ နောင်ရိုး (ဗိသုကာ)၊ (၁၄) ဂမ္ဘီရဆိုင်ရာ ဆောင်းပါးများ အမှတ်စဉ် (၄) - ဆရာဝင်း၊ သာကီနွယ်၊ (၁၅) မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှု မြန်မာမှု သုတပဒေသာ - ဒေါက်တာ နှင်းအေးခိုင်ဆွေ၊ (၁၆) ကိုးတိုင်း ကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်ကို တည်ထောင်ပေးခဲ့သူ သီရိဓမ္မာ အသောကမင်းကြီး - မယ်တော်ကြီး ဒေါ်နန္ဒမာလာ၊ (၁၇) မြန်မာရနံ့ ကလေးကဗျာများ - မအိ၊ (၁၈) ပုံပြင်ဖတ်ရင်း အင်္ဂလိပ်စာသင် - ၂ - ဒေါက်တာစိုးသန်း Ph.D၊ English Studies၊ (၁၉) SHERLOCK HOLMES Sir Arthur Canon Doyle - ရွှေဥဒေါင်း၊ (၂၀) STUDENT BOYCOTTER – Thein Pe Myint၊ (၂၁) ကလေးတို့အတွက် ကမ္ဘာ့သမိုင်း - ခေတ်ဘုန်းသစ်၊ (၂၂) နတ်သမီးဆယ်ယောက်နှင့် အခြားကဗျာပုံပြင်များ - မောင်သင်းမိုး၊ (၂၃) NLD နာယက သူရဦးတင်ဦးကို ဝန်ချတောင်းပန်ခဲ့သော ကြံ့ခိုင်ရေးကေဒါဟောင်း တာမွေအောင်ကို၏ ခြင်္သေ့ကိုက်ခံရ၊ ငှက်ဆိတ်ခံရနှင့် နိုင်ငံရေး အတွေ့အကြုံများ - တာမွေအောင်ကို ဓမ္မသံတော်ဆင့်၊ (၂၄) ခရစ်ယန်အသင်းတော်နှင့် ၎င်း၏ ယုံကြည်ချက်များ သမိုင်း - ဒေါက်တာဒိုသွမ်းမွန်၊ (၂၅) သိဖွယ်စုံလင် ကဗျာဥယျာဉ် - ဘဒ္ဒန္တဝိစိတ္တာစာရ၊ (၂၆) အမေ့ မေတ္တာနှင့် ၀တ္ထုတိုပေါင်းချုပ် - ပန်းတနော် ခင်မောင်မြင့်၊ (၂၇) ဘာကြောင့် သင်မအောင်မြင်ရသလဲ - ဂျွန်၊ (၂၈) ထာ၀ရလမ်းခွဲနှင့် စာတိုပေစများ - တမာန်တော်ဓမ္မိသာရ၊ (၂၉) သူ့အတွက် - ကောင်းစံသာ (ရေကြည်)၊ (၃၀) မားကတ်တင်းသမား အမှားတစ်ရာ အပိုင်း - ဒေါက်တာထက်စံလင်း၊ (၃၁) ပြည်လည်သုံးသပ်ရန် လိုသော အမေရိကန်၏ ချဉ်းကပ်မှု - နေဇင်လတ်၊ (၃၂) ညာလက်ရုံး - ပဲခွပ်မှူး (အောင်လံ)၊ (၃၃) အတွေးကွန်ယက် ရောင်စုံယှက် (စကားစုဘာသာပြန်များ) - ဦးခင်မောင်သန်း (တောင်ငူ)၊ (၃၄) သမီးလေးဆုသို့ - ပါမောက္ခသိန်း၊ (၃၅) မောင်ရှင်ဆိုင်ထမ်း၀တ္ထုတိုများ - ကလောင်စုံ၊ (၃၆) လယ်ယာမြေဥပဒေကို ဘယ်လိုပြင်သင့် သလဲ - ခရမ်း-သန်းဆွေ၊ (၃၇) ကြီးပွားချမ်းသာနည်းများစွာ - မြင်းခြံကျော်အောင်၊ (၃၈) ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ ကမ္ဘာဦးကျိန်စာ - ကောင်းမြတ်လွန်းသော်၊ (၃၉) မြနန်းနွယ်၊ မြစိမ်း၊ စောမွန်လှနှင့် ကျွန်ုပ်တွေ့ကြုံခဲ့ဖူးသော သိုက်နန်းရှင်များ - စိန္တာမယဆရာပိုင်၊ (၄၀) ဘ၀လမ်းနှင့် မဇ္ဈမအလွမ်း - ဒေါက်တာအရှင်သောဘန မြတ်ပါရမီဆရာတော်၊ (၄၁) လာနီယန် - ကလောင်စုံ၊ (၄၂) ကမ္ဘာအရပ်ရပ်မှ - ခင်စောတင့် ဘာသာပြန်၊ (၄၃) သမိုင်းဖြစ်ရပ်မှန် များနှင့် ရှစ်လေးလုံး - တက္ကသိုလ်မြတ်သူ၊ (၄၄) ဂျေစတာလင် မာက်စ်ဝါဒနှင့် အမျိုးသားနေ့ ပြဿနာ - စောကျော်ရင်၊ (၄၅) ခေါင်းဆောင်မှု သေနင်္ဂဗျူဟာ - နိုင်ဦး၊ (၄၆) သစ္စာအမှန်လင်္ကာ - မောင်ကြည်ဇော် (ရေနံချောင်း)၊ (၄၇) အမေ့ခံမန္တလေး - ကိုငြိမ်း (မန္တလေး)၊ (၄၈) မီးပေါင်မုန့်ကဗျာများ - အောင်ကိုကိုလတ် (တမူး)၊ (၄၉) နွေးဦးပွဲတော် - လင်းလက်တာရာ၊ (၅၀) ဝိဇ္ဇာမူး - အရှင်ပညာသီရိ (ရမ္မာကျွန်း)၊ (၅၁) အိမ်ပြေး ကဗျာစု - နေထက်ထွန်း (ကန့်ဘလူ)၊ (၅၂) ရောသမ ရာသီ ဆောင်းပါးများ - မောင်ထွန်းလွင် (မိုးလေဝသ)၊ (၅၃) လူငယ်နှင့် နိုင်ငံရေး နိုင်ငံရေးနှင့် လူငယ် - သန်းဝင်းလှိုင်၊ (၅၄) မလွယ်တဲ့ခေတ် - ညီဆူးသစ်၊ (၅၅) ချိုဆိမ့် အချစ်ကဗျာများ - မှိုင်းလူအောင်၊ (၅၆) အနုပညာလိုင်စင်ဓာတ်ပုံကဗျာများ - ဘုန်းမောင် (မန္တလေး)၊ (၅၇) ဒီဇင်ဘာနှင်းများမှတဆင့် - နွေငြိမ်းဝေ၊ (၅၈) ဟိုတွေးဒီတွေးကုန်သွယ်ရေး - မျိုးသူ (ကုန်သွယ်မြင့်)၊ (၅၉) တစ်ဆင့်ချင်း ချစ်တယ် - လရောင်ကျူးရင့်၊ (၆၀) ဗလာပလိန်း - ကိုး၊ (၆၁) ချားလ်ဘူကောစကီး ဒေါက်တာနာဇီနှင့် အခြား၀တ္ထုတိုများ - မိုးသက်ဟန် (မြန်မာပြန်)၊ (၆၂) တရားခွင်လက်စွဲ တရားမ (၄) - ဓနုဖြူ ဦးသန်းဆွေ တရားလွှတ်တော်ရှေ့နေ၊ (၆၃) အိတ်ဆောင်ဟာသများ - မောင်ဒိုးခ၊ (၆၄) အများမှားတဲ့ အမှားများ - မေငြိမ်း၊ (၆၅) ပင်လယ်ပြင်ကို လက်ပစ်ကူးနေသူများနှင့် ကောင်းဆိုးနှစ်တန်ကံအကျိုးပေး တွေးမြင်စာစု - ရွှေဝယ်သောင်းညွန့်၊ (၆၆) ငြိမ်းချမ်းရေးအမေနဲ့ စစ်တလင်းမြေ ကဗျာစာစုများ - အောင်ခိုင်မြင့်၊ (၆၇) ဗြိတိသျှအစိုးရနှင့် ဂျီဟာဒ် - ဦးဇာနည်မင်းနိုင် (ဘာသာပြန်)၊ (၆၈) အပြစ်မှမည်သို့ လွတ်မြောက်နိုင်သနည်း - ဦးဇာနည်မင်းနိုင် (ဘာသာပြန်)၊ (၆၉) ဖန်ဆင်းရှင်ရှိကြောင်း သိပ္ပံပညာရှင်တို့၏ အမြင် - ဦးဇာနည်မင်းနိုင် (ဘာသာပြန်) အာလာဒင်၊ (၇၀) လူ့ဘောင်သစ်ဆီသို့ လူထု၏ဒုက္ခဝေဒနာ ဓမ္မဒဿနအမြင် - ဒေါက်တာစောရှိရှိုး၊ (၇၁) မိုးမသောက် မှောင်မိုက်အရိပ် မပြေးမှီ NLD ခေတ် ဒုတိယနှစ် - ကျော်ဝင်း၊ (၇၂) သံမဏိစိတ်ဓာတ်ပိုင်ရှင်နှင့် နူးညံ့သိမ့်မွေ့နှလုံးသားပိုင်ရှင် မြစ်ဖျားခံမွေးဖွားရာမှတဆင့် - အမ်းသျှမ်း (သျှိသျှားမြေ)၊ (၇၃) အလင်းစေတမန် ၃ ကဗျာများ - ကလောင်စုံ၊ (၇၄) မိုးနှင့်မြေ ရေနှင့်ကြာ (၀တ္ထုတိုများ) - ဒဂုန်တာရာ၊ (၇၅) သော့ - ငြိဏ်းဝေ၊ (၇၆) ရွှေဟင်္သာသို့ အလွမ်းများစွာဖြင့် - မင်းချမ်းထိုက်၊ (၇၇) Myanmar Way to Success – Lynn Thaik Nyunt၊ (၇၈) လင်မျှော်တိမ် - နေဝင်းမြင့်၊ (၇၉) ကြယ်စင်တစ်စု၏ မိဘမေတ္တာ - မောင်ညီဦး (ကစလ)၊ (၈၀) တစ်ခြမ်းပဲ့ကယ်တင်ခြင်းနှင့် အခြားဆောင်းပါးများ - အမ်စီကွေ့ကြိုင် (ပလက်၀)၊ (၈၁) စစ်ပြီးခေတ်ဒစ်ဂျစ်တယ်ရေဒီယို ကဗျာရှည် - ကြည်ဇော်အေး၊ (၈၂) ညရေပြင်မှာ ''လ'' သံစဉ်သီကာဖွဲ့ပါလို့ - ထက်မြက်နိုင်ဇင်၊ (၈၃) ဆိုနာတာ - အောင်ခင်မြင့်၊ (၈၄) To LIVE Yu Hua - တော်ကောင်းမင်း၊ (၈၅) ခက်ခဲကြမ်းတမ်းလွတ်မြောက်ရာလမ်းနှင့် ကဗျာစာစုတိုများ ပထမနေ့၊ ပထမအစာ၊ ပထမဆုံးရုံးလုပ်ငန်နဲ့ ပထမအကြွေးစာအုပ်နှင့် ခရီးသွားဆောင်းပါးများ - ဌေးဝင်း၊ ဂျာမဏီအေးဝင်း၊ လမင်းတရာ၊ (၈၆) ပြည်သူ့အရေးတွက် ရေးပေးခဲ့တဲ့ ပြည်သူ့အရေး ဆောင်းပါးများ - ဦးဦးကျော်၊ (၈၇) တရားမျှတမှု အယူအဆများ - ဖြိုးခိုင်လတ်၊ (၈၈) ပန်းပွင့်နီနီ နိုင်ငံတကာ ကလေး၀တ္ထုတိုများ - မိုးဇော်စိုး၊ (၈၉) မိုဘီဒစ် - လင်းတည်ဦး၊ (၉၀) ကမ္ဘာတစ်ပတ် ရက် ၈၀ - သစ်ဦးဇင်၊ (၉၁) ဂါလီဗာ၏ ခရီးစဉ် - သစ်ဦးဇင်၊ (၉၂) သွေးသောက်သုံးဖော် - သစ်ဦးဇင်၊ (၉၃) လျှို့ဝှက်ခုနှစ်ဖော် - သီရိ (မြန်မာပြန်)၊ (၉၄) မြန်မာ့တကောင်း ပျူတကောင်း - မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) (၉၅) ကဗျာစာတမ်း ဆောင်းပါးများ - ဇေယျာလင်း၊ (၉၆) နယ်ခြားမဲ့ဆိုလီကျူဒ် နှင့် အခြားဆောင်းပါးများ - မပန်းခက်၊ (၉၇) လူအေးအမုန်းဆုံးကစစ်နှင့် ဧရာ၀တီမှသိမ်းမြစ်ဖျားဆီသို့ - သုတေသီမောင်ချစ်ဆွေ၊ (၉၈) စာတတ်ကြသူများ - လေးကေ အရှင်နန္ဒမာလာ၊ (၉၉) ဗုဒ္ဓနှင့် စကြ၀ဋ္ဌာ - မန်းထွန်း၊ (၁၀၀) အောက်တန်းစားနတ်တို့အကြောင်း - ဓမ္မာစရိယလွှမ်းအောင်၊ (၁၀၁) ဘ၀ထဲကအမေး ဘ၀ထဲကအဖြေ - ထက်ထက်ထွန်း၊ (၁၀၂) မရမ်းကုန်းစာမော်ကွန်း - ကလောင်စုံ၊ (၁၀၃) (၁)ခွန်စာနှင့် ကျွန်တော် (သို့မဟုတ်)The King and I - စိုင်းဆိုင်မုစ်၊ (၁၀၄) လွတ်မြောက်ရာလမ်း - တင်ညွန့်၊ (၁၀၅) နော် - တင်ညွန့်၊ (၁၀၆) ယဉ်ကျေးလိမ္မာပုံပြင်ကမ္ဘာ - မဟူရာ (လွိုင်ကော်)၊ (၁၀၇) ရွှေဖား ငွေဖား ပုံပြင်များ - လင်းလက်ကြယ်စင် (မြန်မာပြန်ဆိုသည်)၊ (၁၀၈) မြေခွန်တော်၊ မြေပိုင်ဆိုင်မှုနှင့် မြေယာဆိုင်ရာ သိမှတ်ဖွယ်ရာများ - ဦးဇော်မင်း (နတ်မောက်)၊ (၁၀၉) ဥပဒေပညာ အခြေခံနှင့် ဥပဒေပညာရပ်များမိတ်ဆက် - ဒေါက်တာဒေါ်ခင်ညို၊ ပါမောက္ခ(ငြိမ်း)ဦးမောင် မောင်(မော်ကွန်း)၊ (၁၁၀) နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ် - ဆလိုင်းလျန်မှုန်း၊ (၁၁၁) မှော်ပညာမှတ်တမ်း - စောလင်းဦး (ရှေး-သု)၊ (၁၁၂) ၁၃၈၀ စာပေ၏ အလျင် - ကလောင်စုံ၊ (၁၁၃) ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ - ဦးမြတ်သူ၊ (၁၁၄) DVB DEBATE လွတ်လပ်စွာသဘောကွဲလွဲခွင့် - ဦးကိုကိုနိုင်၊ (၁၁၅) မြန်မာပြည်ရောက် နိုင်ငံခြားသားများ၏ အငှားမယားအဖြစ် နေထိုင်ခဲ့သူ အမျိုးသမီးတစ်ဦးနှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုး မျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၁၁၆) မြန်မာ့နိုင်ငံရေးနှင့်တပ်မတော် - ထုတ်လုပ်ရေးတပ် -စာတည်းအဖွဲ့၊ (၁၁၇) ၁၀- နှစ်ပြည့် အမှတ်တရ ကဗျာကဖေး စာပေအနုပညာ - ကလောင်စုံ၊ (၁၁၈) ပန်းချီးပေါ်သိမ်း - လှိုင်ဘွား ပြုစုသည်၊ (၁၁၉) မာ့က်စ်ဝါဒ အဘိဓာန် (ပထမတွဲ) - အောင်ဇံ၊ (၁၂၀) "၀'' သမိုင်း (ဒုတိယတွဲ) – "၀" သမိုင်း ပြုစုရေးလုပ်ငန်းကော်မတီ (၂၀၁၇)၊ (၁၂၁) ဒီဝါးနေ့ရှမ်းဆေ့တဗရိဇ် - ထွန်းဝင်း (ပုသိမ်)မြန်မာပြန်၊ (၁၂၂) ထိုင်ဝမ်သားများပြောတဲ့ ရှီကျင်ဖိန် - မန်းဖိုးအေး၊ (၁၂၃) မနက်ဖြန်မှပြုံးတော့မယ် - သော်တာအေးလဲ့၊ (၁၂၄) အာဏာရှင်အစိုးရတို့၏ ယတြာများ - သန်းဝင်းလှိုင်၊ (၁၂၅) တပည့်၊ မိတ်ဆွေနှင့် ကျွန်ုပ်၏ချစ်သူများ - အောင်ကျော်စိုး၊ (၁၂၆) ရှေးဟောင်းမျောက်မ - လင်းခါး၊ (၁၂၇) ငါဆိုတဲ့တေး - ဖိုးသံ (လူထု)၊ (၁၂၈) စီးဆင်းသွားသောနှစ်သုံးဆယ် - ကျော်ကျော် (မြရည်စမ်း)