၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်တွင် စာအုပ် (၁၃၆) အုပ် ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ဖရန့်ဇ်ကတ်ဖ်ကာလေ့လာချက် - ထင်မင်းလူ၊ (၂) ကျားရဲ့ခံတွင်း - ဇင်သန့်၊ (၃) စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ - မောင်ရင့်ကျူး (မြောင်းမြ)၊ (၄) ဆက်ကျော်သက်ဘ၀ ချမ်းမြေ့ပျော်ရွှင်ဖြတ်သန်းကြ - မျိုးမင်းရန်အောင် (မြန်မာပြန်)၊ (၅) အက်ဆေးလှည်းတန်း (၄) - ကလောင်စုံ၊ (၆) ခေတ်ကဗျာ (၁၈၈၅-၁၉၇၀) - ဦးဟုန်ဝမ် (ကထိက)၊ (၇) ရတနာကျွန်း - သစ်ဦးဇင်၊ (၈) မားတီးလ်ဒါ - လင်းတည်ဦး၊ (၉) ဂျာမနီ၊ အီဒါ၊ အော်တမ်န် ရာသီနှင့် ဟက်ဂင်စတိုင်း၏ နှင်းလွမ်းသည့်နေ့ရက်များ - နေသစ်နီ၊ (၁၀) သေနတ်သမားနှင့် အခြားအထေ့အငေါ့များ - မောင်မှန်၊ (၁၁) လင်းယုန်မှတာရာ - ဒဂုန်တာရာ၊ (၁၂) မျက်မမြင်အိုထံ မှ ပေးစာနှင့် အခြားထိုင်း၀တ္ထုတိုများ - ကျော်လင်းဆွေ (မြန်မာပြန်)၊ (၁၃) မြပုဏ္ဏမာ (ကဗျာ၊ ဆောင်းပါး၊ စုစည်းမှု) - ကောင်းထွဋ်ဝင်း (ဓနုဖြူ)၊ (၁၄) လိုတရနှင့် အခြား၀တ္ထုတိုများ မေတ္တာရှင် (ရွှေပြည်သာ)၊ (၁၅) တက္ကသိုလ်ဆောင်းနှင့် နှောင်းသဇင် - သျှီ (အင်ကြင်း)၊ (၁၆) အဖြည့်ခံ နှလုံးသားနဲ့ အမုန်းခံလူသား - ဓမ္မဝီရ ဒေါက်တာတေဇနိယ၊ (၁၇) သူရဲကောင်းလေးယောက်နှင့် အခြားပုံပြင်များ - အရှင်ဉာဏိန္ဒ (ဘီအေ) - သမိုင်း၊ (၁၈) မြစ်ဆုံကြီး ဂမ္ဘီရသုတေသန စာစုများ - အောင်မော်စံ ဆရာတော်-ကချင်ပြည်နယ်၊ (၁၉) အရောင်းအောင်မြင်ရေးအတွက် ဖောက်သည်ဆက်ဆံနည်း - မောင်ဗေဒါ (မြန်မာပြန်)၊ (၂၀) လူရောင်းရန်ရှိသည်။ - ကိုသစ် (သီတဂူ)၊ (၂၁) ပန်းခိုးမှုနှင့်ကျေးရွာတရားရုံး စုံထောက်မှုများ - တောင်သာမာဒင်၊ (၂၂) ထူးချွန် ကျွမ်းကျင် မီလျံနာစီးပွားရေးဦးဆောင်ရှင် - ဇင်ဖြိုးပိုင် (MESI)၊ (၂၃) အကြမ်းဖက်အန္တရာယ်နှင့် မြန်မာ့အနာဂတ် - နေဇင်လတ်၊ (၂၄) ပညာသင်ယူခြင်းအတွက် တွေးခေါ်စဉ်းစားချက်များ - အောင်လှိုင် (မြန်မာပြန်)၊ (၂၅) ကဗျာဘာသာပြန် အလုပ်စခန်း - မောင်သာနိုး၊ (၂၆) မြန်မာစာပေ ဝေဖန်ရေးသမိုင်း - မောင်စွမ်းရည်၊ (၂၇) ဒီမိုကရေစီဆောင်းဦးပေါက်၊ မှန်ထောင်ပြီး မေးကြည့်မိတဲ့ မေးခွန်းများ - ဇင်ဝေသော်၊ (၂၈) အစဉ်အလာမှသည် ဒီဂျစ်တယ်ဆီသို့ - ဘုန်းသက်ပိုင် (ဘာသာပြန်)၊ (၂၉) ဥရောပမှပေးစာများ (၂) - အေးအေးဝင်း၊ (၃၀) ကျောက်ဂူတံခါးက လက်ဖဝါးရာ (အက်ဆေးများ) – ZEPHYR၊ (၃၁) ရိုးမပေါ်မှာကျတဲ့ မျက်ရည် - တင်ညွန့်၊ (၃၂) ပညာရေးရာ မြန်မာစာရေးရာ - စောလူ၊ (၃၃) ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေတော့ .. အရှင်ကုမာရ (ပန်းတနော်)၊ (၃၄) စစ်မှန်သောနိုင်ငံရေးသို့နှင့် နိုင်ငံရေးဆောင်းပါးများ - ကိုဝမ်း၊ (၃၅) ဒီမိုကရေစီ နောက်မှပေးပါ စားဝတ်နေရေးနဲ့ စိတ်လုံခြုံမှု အရင်ပေးပါ - မိုးအောင်လင်းနိုင်၊ (၃၆) အမျိုးဘာသာ သာသနာကို ဘယ်လိုကာကွယ်ကြမည်နည်း (သမ္မောဒနိယကထာ) - မဟာဗောဓိမြိုင် ဆရာတော်၊ (၃၇) ၀တ္ထုတိုပေါင်းချုပ် - ဝင်းစည်သူ၊ (၃၈) ဂျူး သမိုင်း - ကိုကိုလေး (မြန်မာပြန်)၊ (၃၉) ယနေ့မှစ၍ ကျွန်တော်ကျွန်မတို့သည် … - သျှင်မ၊ (၄၀) အာဏာ အလွဲသုံးစားသူများ၏ - အဝေးရောက် သံတမန်တစ်ဦး၊ (၄၁) လျှော့တွက်ကြရင် မှားသွားမယ်နှင့် အခြားနိုင်ငံရေးဆောင်းပါးများ - ကြည်ဇော်ဝင်း၊ (၄၂) ငါးပိကြော်နံ့ သင်းသောပိုစ်များ - လင်းမြတ်၊ (၄၃) လက်သည်းမှ ပြောသော ကျန်းမာရေးစကားများ - ဆင်ဖြူကျွန်းကျော်လှိုင်ဦး၊ (၄၄) လူထုရှေ့မှောက်စကားပြောခြင်းအတွက် - မောင်ဗေဒါ (မြန်မာပြန်)၊ (၄၅) အနာဂတ်သည် လူငယ်များလက်တွင်ရှိ - အိုးဝေ မြေနီကျင်း၊ (၄၆) မဆလပါတီတွင်းနိုင်ငံတော် အမှုကြီးများနှင့် ဗိုလ်ကြီးအုန်းကျော်မြင့် - အံ့ခေါင်မင်း၊ (၄၇) ရှမ်းစ်သမ်ရေဇ်သခင်နှင့် အချစ်စည်းလေးဆယ် - ရဲနိုင် (သန်လျင်)၊ (၄၈) အမေ့ခံအတိတ် မြန်မာ့သမိုင်းစဉ်နှင့် ခေတ်ပြိုင်အတွေးအမြင် - သန့်မြင့်ဦး၊ (၄၉) မြန်မာ့ဆေးပညာ ရောဂါအုပ်စု (၈) မျိုး ကုထုံး - သမားတော် ချစ်စံ (မုံရွာ)၊ (၅၀) အိမ်ထောင်ရေးနှင့် အခြားဆောင်းပါးများစုစည်းမှု - အောင်အောင် (IR)၊ (၅၁) Poly ကျောင်းများဖွင့်ရအောင်နှင့် အခြားဆောင်းပါးများ - ရွှေဒုံးတင်ဦး၊ (၅၂) ကလေးတွေရဲ့ အရေပြား ပြဿနာများ - ဒေါက်တာကျော်ကျော်၊ (၅၃) ကြောင်းကျိုးဆက်ဆေးပညာ သိုင်းရိုက်အကြောင်း သိကောင်းစရာ ဆီးချို၊ သွေးတိုး နှလုံးသွေးကြောပိတ် အဆီအကြောင်း ဗဟုသုတ မျက်စိ၊ နား၊ သွားခံတွင်း၊ ကျန်းမာရေးနှင့် ဖြည့်စွက်ဓာတ်များ - Dr.Khin New Win၊ (၅၄) ကင်ဆာ သိမှတ်ဖွယ်ရာ အော်တစ်ဇင်မ် စသည် …အသည်းအဆီဖုံးစသည် … - Dr.Khin New Win၊ (၅၅) MAKAIH PILNA – LIAN MUANKIM၊ (၅၆) ကျောင်းသုံးအင်္ဂလိပ်စာ ဖတ်စာအုပ်ထဲက စာရိတ္တမြှင့်တင်ရေး ပုံပြင်အလှများ (ပထမတွဲ) - ခင်မောင်တိုး (မိုးမိတ်)၊ (၅၇) ကျောင်းသုံးအင်္ဂလိပ်ဖတ်စာအုပ်ထဲက စာရိတ္တမြှင့်တင်ရေး ပုံပြင်အလှများ (ဒုတိယတွဲ) - ခင်မောင်တိုး (မိုးမိတ်)၊ (၅၈) ကလေးလူငယ် ဖတ်ဖွယ်သုတ (၁၁) အပင်ကမ္ဘာ - မိုးစက်ပိုင်၊ (၅၉) ကလေးလူငယ်ဖတ်ဖွယ်သုတ (၁၀) သဘာ၀လောက သုတအဖြာဖြာ - မိုးစက်ပိုင်၊ (၆၀) ကလေးလူငယ် ဖတ်ဖွယ်သုတ (၉) သိပ္ပံနဲ့နည်းပညာကမ္ဘာ၊ (၆၁) ကလေးလူငယ် ဖတ်ဖွယ်သုတ (၁၃) လူခန္ဓာကိုယ်ရဲ့ လုပ်ငန်းအဖြာဖြာ - မိုးစက်ပိုင်၊ (၆၂) ကလေးလူငယ် ဖတ်ဖွယ်သုတ (၁၄) သုတအဖြေအထွေထွေ - မိုးစက်ပိုင်၊ (၆၃) ကလေးလူငယ် ဖတ်ဖွယ်သုတ (၁၂) တိရစ္ဆာန်လောက - မိုးစက်ပိုင်၊ (၆၄) အရာအားလုံး၏ မူလအစ ပထမများ - စိုးသိဏ်း၊ (၆၅) အိပ်မက်စေစား လိုရာသွားစေ --- အိပ်မက်ခြင်းအတတ်ပညာ - ဒီပံလင်း၊ (၆၆) ဗုဒ္ဓအလိုကျ ဘ၀နေနည်းနှင့် ဉာဏ်ပွင့် ဒဿနစာစုများ - အရှင်ပါရမီ၊ (၆၇) မော့ဆက် (၂) - တင်နွယ်မောင် (ဘာသာပြန်)၊ (၆၈) ကမ္ဘာသစ်သို့ - ရွှေထီး (သဘာ၀သစ္စာ)၊ (၆၉) ဤစကားမှန်ပါသည်နှင့် ဗုဒ္ဓအလိုကျ ဓမ္မဆောင်းပါး များ - ဦးဆန်းလင်း (ဆည်မြောင်း)၊ (၇၀) ယတြာချေလို့မရဘူးလား - ဒေါက်တာ ဒဂုန်ခင်သဇင်၊ (၇၁) ကောင်းစေချင်တဲ့စကားများ - သရဝဏ် (ပြည်)၊ ညီမင်းညို၊ ဦးဘုန်း (ဓာတု)၊ (၇၂) အက်ကြောင်းများနှင့် မြန်မာနိုင်ငံ - နေစိုးထက်၊ (၇၃) ပွိုင့် ၂၂၀၂ သွေးနဲ့ရေးတဲ့ ကမ္ဗည်းကျောက်စာ - မင်းထက်ကျော်ဇော၊ (၇၄) သေကံမရောက် - စစ်သွေးနီ၊ (၇၅) စာပေအလှ၊ ဘာသာအလှ ဆောင်းပါးများ - ဒေါက်တာနုနုကြည် (ပါမောက္ခ၊ ဌာနမှူး (ငြိမ်း))၊ (၇၆) သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ - ဂျူး၊ (၇၇) သဘာ၀ဘေးဒဏ် ခံနိုင်ရည်ရှိသော အဆောက်အအုံများ - ကျော်လင်း (ဆောက်လုပ်ရေး)၊ (၇၈) ခေတ်အဆက်ဆက်မြန်မာ့ပန်းချီများ - မင်းဘူးအောင်ကြိုင်၊ (၇၉) ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ်မက်အာသာ - ထွန်းသစ်၊ (၈၀) လစ်ဘရယ် နိဂုံးလော - ဘိုဘိုဝင်း (မြန်မာပြန်)၊ (၈၁) ကြံတောက ပြောသောသမိုင်း (၃) - လှကွန့်၊ (၈၂) နဂါးနီ စာအုပ်အသင်း - လှကွန့်၊ (၈၃) လွမ်းရိပ်ဝေဝေ ချစ်သူ့မြေနှင့် ၀တ္ထုတိုများ - မဟော်ဂနီ၊ (၈၄) နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရေးနှင့် ရခိုင်အရေးတို့အတွက်မှာတမ်း - ဘုံလက်ဦးလက်ဆွေ၊ (၈၅) လူ့အခွင့်အရေးလား နိုင်ငံသားအခွင့်အရေးလား ကြားအဖြေမရှိတဲ့ မောင်တောပဋိပက္ခ - သောင်းလွင်ဟိန်း၊ (၈၆) တစ်ခါတုန်းက ချစ်ပုံပြင် - ၀လေး၊ (၈၇) ဖားကန့်ရနံ့ ၂၀၁၈ ခံစားမှု ၀တ္ထုတိုများ - ထီးရိပ်ကြည်ဆန်း၊ (၈၈) ၉၀ နုနုများဆီသို့ - ဆူးရစ်နွယ်၊ (၈၉) မညီမျှသေးသော တိုးတက်ခြင်းနဲ့ အခြားဆောင်းပါးများ - လူထုဒေါ်အမာ၊ (၉၀) အဘယ့်ကြောင့်တစ်သိန်း - ကြည်ကြည်မာ၊ (၉၁) အရေးအခင်းအဖုံဖုံဖြစ်ရပ်စုံ - မော်သာထွေး (မန္တလေး)၊ (၉၂) အာကာသ - နိုင်ဇော်၊ (၉၃) ဘုန်းကံဟူသည်နှင့် အခြားပုံပြင်များ - အရှင်ဉာဏိန္ဒ (ဘီအေ-သမိုင်း)၊ (၉၄) ဘုန်းကံဟူသည်နှင့် အခြားပုံပြင်များ - အရှင်ဉာဏိန္ဒ (ဘီအေ-သမိုင်း)၊ (၉၅) စွမ်းအားကိုယ်စီနှင့် အရှေ့တိုင်းပုံပြင်များ - အရှင်ဉာဏိန္ဒ (ဘီအေ-သမိုင်း)၊ (၉၆) အနော်ရထာမင်းစောနှင့် မိုင်းမောစ်ဧကရီ စောမွန်လ - သန်းထွန်း (လှည်းကူး)၊ (၉၇) နှင်းဦးသစ္စာ လုံးချင်း၀တ္ထုသစ် - ဩမံ၊ (၉၈) အောင်မြင်ရေးသေနင်္ဂ ဗျူဟာ - ကောင်းသာ (မြန်မာပြန်)၊ (၉၉) အိပ်မက်တွေက စတဲ့လမ်း - အောင်စည်သာ (မြန်မာပြန်)၊ (၁၀၀) အသက် (၁၀၀) ပြည့် - မိုးဟိန်း၊ (၁၀၁) ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု - ကျော်ဝင်း၊ (၁၀၂) မဂ္ဂဇင်း၀တ္ထုရှည်များ - မိုးမိုး (အင်းလျား)၊ (၁၀၃) ကြယ်ပျိုးခင်း - ကလောင်စုံ၊ (၁၀၄) ရွှေရောင်သက္ကရာဇ် ကဗျာများ - မောင်စူးရဲ (တန့်ဆည်)၊ (၁၀၅) သက်တန့်ရောင်စုံ အတွေးစက်များ (၂) ကလောင်စုံ၊ (၁၀၆) ရယ်စရာ၀တ္ထုရှည် (၃) ပုဒ် - သက်ဦးမောင်၊ မော်မော့မောင် (မုံရွာ)၊ မဆွေးထိုက်လူ၊ (၁၀၇) ကျွန်မရဲ့ပွင့်ဖတ်လေးနှင့် ၀တ္ထုတိုစုစည်းမှု - သန့်မြင့်အောင်၊ (၁၀၈) ကျွန်တော်မရေးရသေးသည့် လူကြိုက်များဦးမည့်၀တ္ထုနှင့် (ပင်ကိုယ်ရေး မဂ္ဂဇင်း၀တ္ထုတိုများ) - လူခါး၊ (၁၀၉) အလွမ်းကောလိပ်ဂျင် ညနေ … ညနေ … စည်တယ်လေလေ - ပိန်ပိန် (ဘူမိဗေဒ)၊ (၁၁၀) ဂုဂျိယမ်နိဒါန်း - ဇေ၊ (၁၁၁) အခွင့်သာ၍ နှင့် အခြား၀တ္ထုတိုများ - မိုးကျော်စိုး (မကွေး)၊ (၁၁၂) မိုးခေါင်ရေရှားရပ်ဝန်းမှ အော်သံများ ၀တ္ထုတိုစု - မောင်နှင်းပန်း၊ (၁၁၃) ဘုရားဆုကို တောင်းသူနှင့် ဘာသာစာပေယဉ်ကျေးမှုအထွေထွေ - ရဝေထွန်း၊ (၁၁၄) မှိုင်းရာပြည့် စာတမ်းများ - ကလောင်စုံ၊ (၁၁၅) အဖြူရောင်ချစ်ခြင်းဖွဲ့ ၀တ္ထုရှည်များ - ကောင်းသန့်၊ (၁၁၆) အမေရိကန်စနိုက်ပါ - ရာပြည့်၊ (၁၁၇) စိတ်နှင့်ချည်သောကြိုးစများ (ကဗျာစုစည်းမှု) - ခင်ရေအေး၊ (၁၁၈) ဂီတသမားများအကြောင်း မျှော်လင့်ခြင်းရဲ့ဂီတ - ရန်နောင်ဦး၊ (၁၁၉) နေ့စဉ်ခေါင်းဆောင်မှု အကြံပြုချက်များ - ဒေါက်တာသာထွန်းဦး၊ (၁၂၀) ရှစ်လေးလုံးသမိုင်းထဲက စစ်ကိုင်းအရေးအခင်း - မျိုးသူရ (စစ်ကိုင်း)၊ (၁၂၁) မိချောင်းများနှင့် နှစ် ၂၀ ကျော်ကြာနေထိုင်ခဲ့သူတစ်ဦးနှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၁၂၂) ဒါလားကွတရားစီရင်ရေး - မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် အောင်မြိုင် (မစိုးရိမ်စာသင်သား)၊ (၁၂၃) မဟာရန်ကုန် ပန်းလက်စုံစာပေ ညီအကိုမောင်နှမများ စုစည်းမှု (၆) - ကလောင်စုံ၊ (၁၂၄) ARTICLE TUAMTUAMTE VOLUME III – G.S.PAUGELH၊ (၁၂၅) ပါးနပ်တဲ့မြေခွေးနှင့် ကိုရီးယားပုံပြင်များ - မရွှေဆု (မြန်မာပြန်)၊ (၁၂၆) ထူးဆန်းထွေလာ ငါးမန်းတို့ကမ္ဘာ - လင်းလက်ကြယ်စင် (မြန်မာပြန်)၊ (၁၂၇) ရွှေခေတ်ဂန္ထဝင်မင်းသား မင်းသမီးများ - မောင်နေကြည်၊ (၁၂၈) စာပေအနုပညာဆောင်းပါးများ - ၂ - မင်းသုဝဏ်၊ (၁၂၉) ချင်းတိုင်းရင်းသားခူမီးလူမျိုးသမိုင်းနှင့် ပလက်၀မြို့နယ်အကြောင်း - ဦးပြည်ယိုး Bsc,Dip.Ed မြို့နယ်ပညာရေးမှူး (ငြိမ်း)၊ (၁၃၀) အပြောမှန်ကြရဲ့လား - ဇော်ဝင်းကို၊ (၁၃၁) လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ် - မောင်မင်းစိုး၊ (၁၃၂) ဧည့်လမ်းညွှန် သုတပဒေသာ (၄) သုတေသီ (ဦးစိုးမြင့်)၊ (၁၃၃) အပျိုစင်ရောင်းဝယ်ရေးစျေးကွက်အတွင်းမှ ပန်းဦးပွဲစားတစ်ဦးနှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၁၃၄) လွတ်လပ်ရေးရွှေရတု ပြည်တွင်းစစ် နှစ် - ၅၀ ပြည်တွင်းစစ်ရပ်စဲရေးကြိုးပမ်းမှုများ - အောင်စောဦး၊ (၁၃၅) စာသမား၏ စာပေါင်းချုပ် - ၃ - တိုက်စိုး၊ (၁၃၆) စိတ်ကူးယဉ်အိပ်မက်ထဲက SME နှင့် စာစုများ - ကလောင်စုံ၊