ဦးထွန်းညို (ရန္တပို) ရေးသားသည့် စုစည်းရှာဖွေ မန်လည်ဂန္ထဝင်စာပေ စာအုပ်သစ်ကို စာပေဗိမာန် က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် သုတေသနစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
စုစည်းရှာဖွေ မန်လည်ဂန္ထဝင်စာပေ စာအုပ်တွင် စာရေးသူက တင်ပြရာတွင် သျှိုးလိုက်ရတု အပါအဝင် ကဗျာရေးသားမှု၌ စံထားရလောက်သော မန်လည် ဆရာတော်ဘုရားကြီး၏ ရှေးဟောင်းစာပေများကို စာရေးသူကိုယ်တိုင် ကွင်းဆင်းလေ့လာ စုဆောင်းတင်ပြထားကြောင်း တွေ့ရှိရသည်။ ရေးသားတင်ပြပုံသင့်ပါသည်။ အကိုးအကား အထောက်အထားများ စုံလင်မှု ရှိပါသည်။ မန်လည်ဆရာတော်ဘုရား၏ ပုံမနှိပ်ရသေးသော ကဗျာအချို့ကို ရှာဖွေတင်ပြထား ကြောင်း တွေ့ရှိရသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀ဝ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။