၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေးကို အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန် အစည်းအဝေးခန်းမ၌ ၁၆ - ၁၁ -၂၀၁၈ ရက် နေ့လယ် (၁:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးမြဟန်၊ ဒေါက်တာတိုးလှ၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးမျိုးညွန့် (စာပေလောက)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးသိန်းလှိုင် (မြန်မာစာအဖွဲ့ဝင်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီစာပေ)၊ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးစိုးညွန့် (ရာပြည့်စာပေ)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးလှကြည် (ကြည်နိုင်)၊ ဒေါ်အဝင်း၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးမော်လင်း (မော်လင်း)၊ ဒေါက်တာသန့်လွင်မောင် (ကိုတာ)၊ ဒေါက်တာ သန်းထွဋ် (လင်း-ဆေး ၁)၊ ပါမောက္ခဒေါက်တာမြင့်မောင်မောင်၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဒေါက်တာမြင့်ဇံ၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဒေါက်တာသိန်းနိုင် (မြန်မာစာအဖွဲ့ဝင်)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဒေါက်တာချောချောစိန်တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များက ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရန် စာအုပ်များ လက်ခံရရှိမှုကို ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက်ဘာသာရပ်အလိုက် အဖွဲ့ခေါင်းဆောင်များက မိမိတို့ ဘာသာရပ်အလိုက် ဆုရွေးချယ် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ အဖွဲ့ငယ်များ၏ တင်ပြမှုကို ကော်မတီဝင် အားလုံးက ကန့်ကွက်မှုမရှိ အတည်ပြုပေးခဲ့ကြပါသည်။ ထို့နောက် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ စာပေဆု ချီးမြှင့်နိုင်ရန် ကော်မတီဝင်များက မဲပေးရွေးချယ်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၂ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။