၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က
၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄)
အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ
စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd
Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို
အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက်
ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆
ခုနှစ် စက်တင်ဘာလတွင် စာအုပ် (၁၀) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်
ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ယင်းစာအုပ်များစာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) စစ်မီးလျှံထဲက သတင်းစာဆရာ - ဒေါက်တာဦးသန်းထွန်း (ရွှေဘို)၊ (၂) အဖြူရင့်ရင့် - လမင်းမေ (၃) အလင်းရောင်စစ်ဆင်ရေး - လှသောင်း Dip in B.Dh (၄) အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ဖို့ရာ - ဒေါက်တာမေမိုးနွယ် (၅) နေကိုနမ်းတဲ့ လ- ရွှေဘုန်း (၆) သမုဒယမှတ်တမ်း အလွမ်းတစ်ခေတ် အချစ်ပုံရိပ်ကဗျာများ - မျိုးခိုင် ၊မူဆယ်၊ (၇) တမာတန်းလွမ်းစရာ ကဗျာများ - အောင်နိုင်ဦး (လယ်ယား)၊ (၈) ရွှေတစ်ပြားနှင့် နားရွက်ကို ချိုးသွားခြင်း - မြင့်မိုရ်ဆွေ၊ (၉) ပဲ့ကြွေနှလုံးသားထက်က နှင်းဆွတ်တောင်ပြန်လေ - ဒီလှိုင်းဝင်း (မန္တလေး)၊ မင်းဒဿ၊ (၁၀) သတင်းထောက် ဖြောင့်ချက် - သန်းဌေး