၂ဝ၁၅ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘာသာပြန်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက် နံနက် ၁၀:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘာသာပြန်စာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးစိုးမြင့် (စိုးလွင်မြင့်)၊ ဦးအောင်သန်း (မင်းခန့်ရွှေ) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးမျိုးမြင့်သောင်း၊ ဒေါက်တာအေးကျော်တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာပြန်စာပေ အတည်ပြုအဆင့် စာမူများ စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။