၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတ (သိပ္ပံ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် မွန်းတည့် ၁၂:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
သုတ (သိပ္ပံ) အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးကျော်ဦး (ပါရမီစာပေတိုက်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဒေါက်တာ အေးကျော် (ဆေးသုတေသန)၊ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတ (သိပ္ပံ) စာမူများအား ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှု နေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။