၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတ (သိပ္ပံ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇွန်လ ၂ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။
သုတ (သိပ္ပံ) အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးကျော်ဦး (ပါရမီစာပေတိုက်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး- ဆေး/မန်း)၊ ဒေါက်တာအေးကျော် (ဆေး-သုတေသန)၊ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတ (သိပ္ပံ) စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို အစည်းအဝေး တက်ရောက် လာသူ စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်နှစ်ဦးက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။