၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်တွင် စာအုပ် (၉) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) INTERNATIONAL MODERN ENGLISH LANGUAGE PART-IV – SAYA DOMINIC၊ (၂) စီးပွားရေးသင်တန်းကျောင်းမှအပြန် - မောင်ဘချစ်၊ (၃) မြောက်ဦးဒေသရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ - သိန်းထွန်းအောင် (ရှေးဟောင်းသုတေသန)၊ (၄) မချမ်းဘော မြို့ဝင်တောလားနှင့် အခြား၀တ္ထုတိုများ - ကြည်ဝင်း၊ (၅) လိုက်ကြမလား ပုဂံဘုရားဖူးနှင့် အခြားခရီးသွားအက်ဆေးများ - အံ့မောင်၊ (၆) ကဗျာဝိုင်းနှင့် ရွတ်ဆိုစရာ - အံ့မောင်၊ (၇) ဦးကိုကိုကြီး (ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌဟောင်းနှင့်ဝန်ကြီးဟောင်း) ၏ အတ္ထုပ္ပတ္တိ - ဒေါက်တာကျော်ဇော်ဝင်း၊ (၈) စိတ်ကောင်းတစ်ခု၏ စွန့်စားခန်းနှင့် စိတ်ဓာတ်ကောင်းမွန်ရေး ၀တ္ထုတိုများ - မောင်မောင်အုန်း (လယ်ဝေး)၊ (၉) လူထူးလူဆန်း L'ETRANGER ALBERT CAMUS