၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၀) ရက်တွင် စာအုပ် (၉) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) သမိုင်းကတော့ ခွင့်လွှတ်မည်မဟုတ်ပါ - တင်တင်ဦး (၂) များများဖတ် မြင့်မြင့်တွေး ရဲရဲပြောင်း - မြင်းသိန္ဓော (R.A.S.U)၊ (၃) ငါဘယ်လို လူစားလဲ - မြင်းသိန္ဓော (R.A.S.U)၊ (၄) အကြင်အရပ် ကဗျာများ - ခိုင်အောင်ကျော် (နယူးယောက်)၊ (၅) ရခိုင်သားတို့ရွှေအိပ်မက်နှင့် ဒီမိုကရက်တစ် အိုင်ဒီယာများ - ဒေါက်တာဦးမောင် (၆) ရှေးမြန်မာမင်း (၁၇) ဆက်တိတိ ဆည်ဖို့ပြုပြင် တည်ထားတော်မူသော မိတ္ထီလာကန်တော်မဟာမှတ်တမ်း - ဦးတင်လှိုင် (မိတ္ထီလာ)၊ (၇) မိတ္ထီလာ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်စဉ်မှတ်တမ်း - ဦးတင်လှိုင် (မိတ္ထီလာ)၊ (၈) ဝန်ဇင်းမင်းရာဇာ အတ္ထုပ္ပတ္တိ - ဦးတင်လှိုင် (မိတ္ထီလာ)၊ (၉) လက်တွေ့ကျမ်းစူးသည့် အောင်စွာသိမ်နှင့် မိတ္ထီလာက ထင်ရှားကျော်ကြားသည့် သာသနိကအဆောက်အအုံများ၊ အသင်းအဖွဲ့များ - ဦးတင်လှိုင် (မိတ္ထီလာ)