၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရန် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းသည့် အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက် နံနက် (၁၀) နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ကြီးအစည်းအဝေးသို့ ဥက္ကဋ္ဌ ဦးကိုကို (ကို - တက္ကသိုလ်)၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးစိန်လှိုင် ( သူရဇော်)၊ ဦးညွန့်ဟံ (ညွန့်ဟံ - ကြူတော)၊ ဦးစန်းတင့် (တက္ကသိုလ် ဆန်းတင့်နိုင်)၊ ဦးမြင့်ကြိုင်၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးစိုးမြင့် (စိုးလွင်မြင့်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဒေါက်တာတင်တင်ဝင်း (ဂျူး)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါက်တာစိုးနိုင် (ပါမောက္ခ-မြန်မာစာဌာန)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးစိန်ဝင်း (မောင်စိန်ဝင်း-ပုတီးကုန်း)၊ ဦးမောင်မောင်အေး (မောင်ဟေမာ)၊ သိပ္ပံစာရေးဆရာကိုကိုအောင်၊ ဦးကျော်ဦး၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး - ပညာရေးတက္ကသိုလ်)၊ ဦးအောင်သန်း (မင်းခန့်ရွှေ)၊ ဒေါ်ခင်ဝါဆွေ (ဝါဝါ-အင်းစိန်) တို့ တက်ရောက်ကြပြီး ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဒေါ်သန်းသန်း (ရွှေသဉ္ဇာ)၊ ဦးမြင့်ထွန်း (ဆုပြည့်စုံထွန်းစာပေတိုက်)၊ ဦးသိန်းစိုး (သီဟရတနာစာပေတိုက်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ)၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဦးမျိုးမြင့်သောင်း (မျိုးမြင့်သောင်း-စာပေဗိမာန်) နှင့် ဦးတင့်ခိုင် (တင့်ခိုင်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို (ကို-တက္ကသိုလ်) က အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်အဖွဲ့ငယ်ခေါင်းဆောင်များက ဘာသာရပ်အလိုက် စာမူများ စိစစ်ရွေးချယ်ထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် တက်ရောက် လာသူများက လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကိုကို (ကို-တက္ကသိုလ်) က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါ သည်။ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။