၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စာအုပ် (၈) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် - ညီပုလေး၊ (၂) စီးပွားဖြစ် ဝက်မွေးမြူရေး ခြံတစ်ခုကို တည်ထောင်ခြင်း - ဒေါက်တာသန်းအေး (၃) သျှမ်းမောမြေက လွမ်းတေးအလင်္ကာနှင့် စစ်သားဘ၀အမှတ်တရ ရသ၀တ္ထုတိုများ- ဖျင်ဒူဝါ၊ (၄) တစ်ခါတုန်းက မြန်မာပြည်မှာ (၁၉၈၈-၂၀၁၅) တတိယတွဲ - မာန် (တောင်လုံးပြန်)၊ (၅) အကောက်အခွန်ဝန်ဆောင်မှုအကြောင်း သိကောင်းစရာ - ညီညီအောင်၊ (၆) အကောက်အခွန်ဝန်ဆောင်မှုအကြောင်းသိကောင်းစရာ - ညီညီအောင်၊ (၇) အမေကတစ်ဖက် ကမ္ဘာကြီးကတစ်ဖက် ရသစာတမ်းများ - မောင်ရင့်မာ (ကျောင်းကုန်း)၊ (၈) သံသရာရေတစ်ကျိုက်နှစ်ကျိုက်နှင့် မဂ္ဂဇင်း ၀တ္ထုတိုများ - စမ်းစမ်းနွဲ့ (သာယာ၀တီ)