၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်တွင် စာအုပ် (၁၀) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) မြေမြတ်မဟာ ဗုဒ္ဓဂယာ - အမျိုးသားစာပေဆုရ အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)၊ (၂) တနင်္သာရီသမိုင်း ရှာပုံတော် - တိုးလွင်သော် (ရန်ကုန်တက္ကသိုလ်)၊ (၃)၊ နိုင်ငံ့ဝန်ထမ်းအရာထမ်းနှင့် အမှုထမ်းများအတွက် စာရင်းစစ်ကန့်ကွက်ချက်မရှိစေရေးဆောင်ရွက်နိုင်ရန် တီထွင်ပေးမှု (လစာကိန်းသေ (Pay Ready Reckoner)၊ နှစ်တိုးလစာကိန်းသေ (Increment Pay Ready Reckoner)၊ ပျမ်းမျှလစာကိန်းသေ (Average Pay Ready Reckoner)) - ဦးအေးကို၊ (၄) နယူးယောက်မှ နယူးယောက်သို့ ကိုယ်တွေ့အမေရိကား (၄) - မောင်ကောင်းမြင့်၊ (၅) ကြုံဆုံခဲ့ရ သတင်းသမားဘ၀ ငရဲကလာသူ ပြာပူမကြောက်နှင့် အခြားဆောင်းပါးများ - မြင့်ဆွေမြင့်၊ (၆) ကောင်ကလေးနှင့် အတွေးအမြင်စာစုများ - ဝါဝါထင်လင်း၊ (၇) တောခြားခြား၊ တောင်ကွယ်ကွယ်၊ ရေမြေဝေးဝေး၊ ပြည်ထောင်စုသွေး - တောင်တန်းကအောင်ချမ်း (အောင်လံ)၊ (၈) ရေကြောင်း အင်ဂျင်နီယာဖြစ်ရတာ ကျေနပ်တယ် - သန်းလွင် (CEO)၊ (၉) ဆေးပညာပေါင်းချုပ် ၂ - ပါမောက္ခသိန်းနှင့်ဒေါက်တာဆု၊ (၁၀) အနန္တစကြ၀ဠာ … အနန္တ သတ္တဝါတို့ … နှင့် ရသ၀တ္ထုများ စုစည်းမှု - မြသွေးနီ