၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၈) ရက်တွင် စာအုပ် (၂၁) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) Arduino ကကြီး ခခွေး - ပြည့်ဖြိုးအောင်၊ (၂) ကောက်ကြောင်းမဲ့ဘ၀ပုံကြမ်းနှင့် ပန်းချီဆရာကြီးများမှတ်တမ်းဆောင်းပါးများ - ပန်းချီနန္ဒာလှိုင်၊ (၃) အသာစံခြင်းနှင့် အနာခံခြင်း အမှတ် (၂) - မေတ္တာရှင် (ရွှေပြည်သာ)၊ (၄) အလဲအလှယ် (လိုတရနှင့်အခြား၀တ္ထုတိုများ) - မေတ္တာရှင် (ရွှေပြည်သာ)၊ (၅) အမေရိကန်စနိုက်ပါ - ရာပြည့်၊ (၆) TRANSLATION Courtesy of U U Thi Ha Professor of English (REt) Institute of Education Yangon – SAYAGYI U THAN OO၊ (၇) SAYAGYI U THAN OO TRANSLAATION Courtesy of U Thi Ha. Professor of English (REt) Institute of Education Yangon - ဦးအောင်ကြည် (ပညာရေး)၊ (၈) ကယန်းတိုင်းရင်းသားသမိုင်း - ဦးပီမောင်စိုး (လွိုင်ကော်)၊ (၉) ထပ်ခြင်းဖြစ်တဲ့ကံတွေလားနှင့် အခြား၀တ္ထုတိုများ - သိုင်းဝိုင်၊ (၁၀) ဆရာမှသူ၏ ကျောင်းသား များသို့ အပါအဝင် လက်ရွေးစင်ကဗျာတစ်ရာ - စလင်းခင်မောင်ရည်၊ (၁၁) Self – Study Essential Matric Essays Volume -1 for Standard Ten - U Ye Myint (B.Sc (Physics) B.Ed)၊ (၁၂) Self – Study Essential Matric Essays Vol-2 for Stansand Ten - U Ye Myint (B.Sc (Physics) B.Ed)၊ (၁၃) သက်ဝင်ဆန္ဒနှင့် ၀တ္ထုတိုများစုစည်းမှု - ဖြူစင်သန့်၊ (၁၄) မေတ္တာရောင်ပြန် - မောင်ငြိမ်းအေး၊ (၁၅) လောကဇာတ်ခုံပေါ်ဝယ် (ဖြစ်ရပ်မှန်၀တ္ထုတိုများ) - မင်းရိုးယဉ်၊ (၁၆) ဟပ်မွန်ဘေးမှာ တစ်လကြာ - ဒေါက်တာဘန္ဒန္တ စန္ဒာ၀ရာဘိဝံသ၊ (၁၇) မြန်မာနိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော် - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)၊ (၁၈) ဖယောင်းဥယျာဉ် - ပျိုး၊ (၁၉) ဝက်ခြံရောဂါ - ဒေါက်တာခင်မောင်လွင်၊ (၂၀) ခေတ်သစ်မှာတော်ပုံ - မောင်ငြိမ်းအေး၊ (၂၁) အဖြူရောင်စိတ်ခွန်အားပြည့်အတွေးရသစာစုများ - ဇင်မြင့်