၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၄) ရက်တွင် စာအုပ် (၄၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကျေးလက်ကျန်းမာရေးတိုက်စစ်မှူးနှင့် ကျန်းမာရေးစာစုများ - ဝင်းကြည် (မွန်ပြည်နယ်)၊ (၂) GLOBAL GUARDIAN POEMS – Zaw Tun၊ (၃) ဒေါက်တာမောင်မောင် မြန်မာနိုင်ငံတော်၏ သတ္တမမြောက်သမ္မတ - ကျော်သူ (သားမောင်စစ်သည်)၊ (၄) မြန်မာနိုင်ငံ ဆရာအတတ်ပညာသမိုင်း - မောင်မြကျော် (ကျောင်းအုပ်ကြီး၊ ငြိမ်း)၊ (၅) ပိန်းကောလှေကဗျာများ - အယ်ကျော်မြတ်ခိုင် (အင်းလေး)၊ (၆) အထီးကျန်လှည့်လည်သွားလာ နေထိုင်သူ - အေဖန့်ဖန့်၊ (၇) မယ်ဗမာ - ဝင်းငြိမ်း၊ (၈) ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကြီးအတွက် မြန်မာ့လူစွမ်းအားရင်းမြစ်များ - မြင်းသည်တော် G-6300၊ (၉) ၂ မိနစ်စာ အောင်မြင်ရေး ၁၀၀ - ကိုသူရ၊ (၁၀) ရေနံလောက ဘ၀ အထွေထွေနှင့် အခြားစာစုများ - သန်းထွန်း (ရေနံ)၊ (၁၁) ဘ၀ရသ ဓမ္မအလင်း စာစုပုံရိပ်များ - မောင်တင်လှိုင် (အင်းစိန်)၊ (၁၂) ဗိုလ်တထောင် ငမိုး - မောင်နတ်မောက် (မန်းစက်မှု)၊ (၁၃) အရေးအခင်းအဖုံဖုံ ဖြစ်ရပ်စုံ - မော်သာထွေး (မန္တလေး)၊ (၁၄) သားနဲ့သမီး ဖတ်ဖို့စာ - အကြီးကိုကို (ကသာ)၊ (၁၅) အရှေ့တံခါးမှနဂါးခြေရာ (တရုတ်ဒဿန သမိုင်းကောက် ကြောင်း) - ဒေါက်တာ ထွန်းရွှေ (ဒဿန)၊ (၁၆) ယုန်တစ်ကောင်ရဲ့ စစ်ချီတေး (မဂ္ဂဇင်း၀တ္ထုတိုစုစည်းမှု) - ညီညီအောင် (မြိုင်မြို့)၊ (၁၇) ပထဝီအမြင် ဖြင့် အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများ - ကပ္ပတိန် သာစိန်၊ (၁၈) ''ခင်ခင်ထား တရားထိုင်နေသည်နှင့်'' ဓမ္မ ဘ၀ ရသ ၀တ္ထုတိုများ - ထီလာဝင်းယုမာ၊ (၁၉) အဖိုးတန်ကျန်းမာရေးဗဟုသုတများ - ဒေါက်တာတင်လတ် (ဒေါက်တာအောင်ဇော်ထိုက်)၊ (၂၀) အတွေ့အကြုံနှင့် အတွေးအကြံစာစု - အောင်နိုင် (တက္ကသိုလ်)၊ (၂၁) အမေ့ကိုလွမ်း၍ ဆရာကို တမ်းတ၍ ရေးသောစာနှင့် အခြားစေတနာထားမိ၍ ရေးသောစာများ - ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၊ (၂၂) ဖိုက် ဖိုး သရီး တူး ဝမ်း အက်ရှင် - အောင်ဆင့်၊ (၂၃) မြန်မာနိုင်ငံခေတ် အဆက်ဆက် ဘုန်းတော်ကြီး ကျောင်းပညာရေးသမိုင်း - တက္ကသိုလ်မောင်သုည၊ (၂၄) မေ့မရသည့် သည်မေတ္တာနှင့် - မောင်သောင်းဝင်း (တမန်းဟောင်း)၊ (၂၅) နေညိုညို အမေအိုမျှော်နေရော့မည် နှင့် မဂ္ဂဇင်း၀တ္ထုတိုများ - နီသင်အောင်ကျော်မိုး၊ (၂၆) စိမ်းလဲ့လဲ့မှိုင်းပြာရီဝေ - ပန်းတနော် ခင်မောင်မြင့်၊ (၂၇) နတ္ထိပစ္စယ ကိုလေ့လာခြင်း နတ္ထိပစ္စည်း - ဒေါက်တာအရှင်ဣန္ဒောဘာသ (ညောင်လေးပင်)၊ (၂၈) လူသားအကျိုးပြု ပျားမျိုးစု - ဒေါက်တာခင်မောင်လွင် (FAME)၊ (၂၉) MO YAN LIFE AND DEATH ARE WEARING ME OUT နွမ်းလျသေရှင် (ပထမတွဲ) - တော်ကောင်းမင်း၊ (၃၀) MO YAN LIFE AND DEATH ARE WEARING ME OUT နွမ်းလျသေရှင် (ဒုတိယတွဲ) - တော်ကောင်းမင်း၊ (၃၁) မြို့ကလေး နေမကောင်းပါ ၀တ္ထုတိုစု - စံပယ်ဖြူနု၊ (၃၂) ဖြစ်တည်မှုနိဂုံး - မင်းသန့် (ဒဿန)၊ (၃၃) သင်္ကြန်ပိုး - အုန်းသွင်အောင်၊ (၃၄) ယုံကြည်မှုစွမ်းအား ဆောင်းပါးအထွေထွေ - မေချို၊ (၃၅) အသာခံခြင်းနှင့် အနာခံခြင်း - မေတ္တာရှင် (ရွှေပြည်သာ)၊ (၃၆) မြားနတ် အာဏာရှင် - မေသွန်းခေတ်၊ (၃၇) ဘ၀ဝန်းကျင် ပန်းဥယျာဉ် ကဗျာများ - တက္ကသိုလ်စိုးယဉ်၊ (၃၈) ရုပ်ဆိုးပေးတဲ့ ဝေဒနာနှင့် အခြား၀တ္ထုတိုများ - မေတ္တာရှင် (ရွှေပြည်သာ)၊ (၃၉) ၂၁ ရာစုခေါင်းဆောင်မှုနှင့် ဆက်ဆံရခက်ခဲသူ လူခဲကတ်များကို စီမံခန့်ခွဲနည်း - ကိုနေ (မန်း)၊ (၄၀) ထာ၀ရအကြီးကျယ်ဆုံးကမ္ဘာ့စီးပွားရေး နိယာမ ၁၀၁ ချက် - ကိုနေ (မန်း)