၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်တွင် စာအုပ် (၁၆) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) သရပါသာဒ ပစ်ချက်များ (ရာဇဝင်နှင့် ယဉ်ကျေးမှု သုတရသစာစုများ) - မောင်လှိုင်မွှေး၊ (၂) မြန်မာမှုထုံးတမ်းစဉ်လာ ကျေးလက်ရိုးရာဓလေ့များ - ကာတွန်းကြည်ဝင်း၊ (၃) ရွှေထီးဆောင်း ကမ္ဘာ့တိုင်းရင်းဆေးနှင့် လက်ရွေးစင်ဆောင်းပါးများ - ဒေါက်တာကျော်သန်းထွန်း (ကန်တုန် ဆေးတက္ကသိုလ်)၊ (၄) ဒီလိုသမီးမျိုးနှင့် အခြားဆောင်းပါးများ - စိုးဝင်း (ချောက်)၊ (၅) ကင်ဆာ ပျက်သုဉ်း စပျစ်ကုထုံး- နေထွန်း၊ (၆) နောက်ဆုံးတိုက်ပွဲ (သို့မဟုတ်) စစ်တောင်းတိုက်ပွဲ - ကိုကိုလေး၊ (၇) မိုးရေလှောင်ကန် - ကျော်ဦး၊ (၈) ကမ္ဘာကြီးအေးမြ ကလေးကဗျာများ - မောင်မောင်ငြိမ်းအေး၊ (၉) မရဏအနမ်း - စိုင်းဝီရလင်းခံ့၊ (၁၀) အဘိုးပြောတဲ့ ရာဇဝင်ပုံပြင်များ (ပ-ဒု တွဲ) - တက္ကသိုလ်မောင်သုည၊ (၁၁) MYANMA OIL INDUSTRY AND ITS FUTURE – THAN TUN၊ (၁၂) သန်းခေါင်ယံ တံခါးခေါက်သူ - နေဦးဝေ၊ (၁၃) လူတို့ကိုးကွယ်ရာ ဘာသာကြီးများ (နောက်ခံသမိုင်းနှင့် အဆင့်မြင့် ဒဿနများ) - ဆန်းလွင်၊ (၁၄) ရင်သို့စူးဝင် စစ်မြေပြင် - ခွန်သက်တင်ဆန်း၊ (၁၅) ဘ၀ကန္တာရထဲမှ ဟာသပျားရည်စက်များ (၂) အလွဲ … စု - ခွန်သက်တင်ဆန်း၊ (၁၆) ဘုရင့်နောင်မျိုးနွယ်စုမှ ဆင်းသက်လာသော စစ်တကောင်း တောင်တန်းဒေသရှိ ရခိုင်မြန်မာများ - ခွန်သက်တင်ဆန်း၊