သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် မွန်းလွဲ ၁ : ၀၀ နာရီမှ မွန်းလွဲ ၂ : ၀၀ အထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်တွင် စာအုပ် (၂၀၀) မျိုး ထပ်မံရရှိခဲ့ပါ သည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြမည့် အကြောင်းအရာ များကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းတည့် ၁၂:၀၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။