၂ဝ၂၀
ပြည့်နှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ်
ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာအဖွဲ့ငယ်
(ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၂ ရက် နံနက် ၁၁ : ၀၀ နာရီက
ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်သည်။
သက်ဆိုင်ရာဘာသာရပ်
အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊
ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဒေါ်နွဲ့နွဲ့ (ရွှေကူနန်းနွဲ့နွဲ့)၊ ဦးတိုးကျော်
(စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်
၂ဝ၂၀ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့်
ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး
အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။