ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက် ဝန်ထမ်းများ အတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲကို ယနေ့ (၁၇-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၂ : ၀၀ နာရီမှ ၄ : ၀၀ နာရီ အထိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဟောပြောဆွေးနွေးမည့် ဆရာကြီး ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး၊ ဒေါ်တင်တင်ဝင်း စာတည်းမှူးချုပ် (တာဝန်)၊ ဒေါ်နုနုယဉ် (ကျွမ်းကျင်သူ)၊ စာတည်းမှူးများ၊ စာတည်းဌာနမှ အရာထမ်း အမှုထမ်းများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများ တက်ရောက်သည်။
ဟောပြောပွဲတွင် စာတည်းမှူးချုပ် (တာဝန်) က ဟောပြောမည့်ဆရာကြီး ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) ၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်တင်ပြပြီး ဆရာကြီး ဒေါက်တာတင်လှိုင်က ဘာသာပြန် အတွေ့အကြုံဆိုင်ရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲကို စာပေဗိမာန်စာတည်းဌာနနှင့် စာကြည့်တိုက်ဌာနမှ အရာထမ်း အမှုထမ်းများ ဉာဏစွမ်းရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမကြီး ၁၀ ဦးတို့က ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။